ပေကျင်း၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် BRICS နိုင်ငံခေါင်းဆောင်များ ၁၄ ကြိမ်မြောက် အစည်းအဝေးသို့ ဇွန် ၂၃ ရက် ညပိုင်း ပေကျင်းမြို့မှ ဗီဒီယိုလင့်ခ်ဖြင့် တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ တောင်အာဖရိကနိုင်ငံ သမ္မတ ရာမာဖိုဆာ၊ ဘရာဇီးနိုင်ငံ သမ္မတ ဘိုဆိုနာရို...
ဟောင်ကောင်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ယခုနှစ်သည် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း နှစ်ပေါင်း ၂၅ နှစ်ပြည့်သည့် အခါသမယဖြစ်သည်။ အဆိုပါ ၂၅ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ကျင်းပရန် ဟောင်ကောင်တစ်ခွင် တက်ကြွစွာ ပြင်ဆင်ထားသည်ကို တွေ့ရသည်။ (Xinhua) ……………………………….. (English Version)...
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ၊ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သွင်းကုန်များအားလုံးအပေါ် တားမြစ်ခြင်းသည် နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တရုတ် အမျိုးသား အထည်အလိပ်နှင့် အဝတ်အထည်ကောင်စီ (CNTAC) က ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။...
ပေကျင်း၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် BRICS နိုင်ငံများ စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ဇွန် ၂၂ ရက်က ဗွီဒီယိုဖြင့် တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် သမ္မတရှီကျင့်ဖိန်က လက်ရှိကမ္ဘာသည် နှစ်တစ်ရာ အပြောင်းအလဲနှင့်ရာစုနှစ်ကပ်ရောဂါ ရောယှက်လျက်ရှိပြီး လုံခြုံရေးကဏ္ဍစိန်ခေါ်မှုအမျိုးမျိုး မပြတ်ဖြစ်ပေါ်နေရာ ကမ္ဘာ့စီးပွားရေးပြန်လည်ရှင်သန်ရေး...
ဟောင်ကောင်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ဟောင်ကောင်နှင့် အမိမြေကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုများ နက်နက်ရှိုင်းရှိုင်းရှိခဲ့ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဆင်ဟွာနှင့် တွေ့ဆုံမေးမြန်းစဉ် မှတ်ချက်ပြုခဲ့သည်။
ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက စသည့်နိုင်ငံများပါဝင်သော ထွန်းသစ်စဈေးကွက်နိုင်ငံများ အုပ်စုဖြစ်သည့် ၁၄ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌဆောင်ရွက်မှုအောက်တွင် “အရည်အသွေး မြင့်မားသော BRICS မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်လျက် ကမ္ဘာလုံးဆိုင်ရာ...
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) လက်ရှိတွင် ကျယ်ပြန့်သော ထွန်းသစ်စစျေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် BRICS ပူးပေါင်းဆောင်ရွက်မှုအတွင်း ပါဝင်လိုသော ဆန္ဒပိုမိုပြင်းပြလာရာ BRICS ပူးပေါင်းဆောင်ရွက်မှု ထပ်ဆင့်တိုး နက်ရှိုင်းခြင်း၏ အရေးပါမှုက ပိုမိုပေါ်လွင်လာသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။...
ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့၌ ၁၄ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးအား ဇွန် ၂၃ ရက်တွင် လက်ခံကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၁၇ ရက်၌ ပြောကြားခဲ့သည်။ ထိပ်သီးအစည်းအဝေးအား “အရည်အသွေးမြင့်မားသော BRICS...
ပေကျင်း ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဇွန် ၁၅ ရက် မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းဆက်သွယ်ပြောဆိုမှုအတွင်း ရှီက ယခုနှစ် အစပိုင်းမှစတင်ကာ ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်မှုများ နှင့် အသွင်ကူးပြောင်းမှုများ...
ပေကျင်း ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) စိုက်ပျိုးရေး ၊ ကျေးလက်ဒေသများ နှင့် ကျေးလက်နေပြည်သူများ၏ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ မိန့်ဆိုမှု လမ်းညွှန်ချက်များကို အဓိက နိုင်ငံရေးတာဝန်တစ်ရပ်အဖြစ် လေ့လာသင်ယူပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် Hu Chunhua က...