ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံအရေးကိစ္စအား ဆွေးနွေးခြင်းနှင့် ညှိနှိုင်းမှုမှတစ်ဆင့် တည်ငြိမ်ရန်၊ တင်းမာမှုများကို လျှော့ချရန်နှင့် မတူကွဲပြားမှုများကို အဖြေရှာရန် သက်ဆိုင်ရာနိုင်ငံများအားလုံးကို ဖေဖော်ဝါရီ ၂၂ ရက်၌ တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်အတွက် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ အမေရိကန် စစ်လက်နက်ပစ္စည်းရောင်းချရာတွင် ရေရှည်ပါဝင်သည့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းနှစ်ခုကို တန်ပြန် ပိတ်ဆို့ရန် တရုတ်နိုင်ငံ အစိုးရက ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် ဖိတ်ကြားချက်အရ ၅၈ ကြိမ်မြောက် မြူးနစ်လုံခြုံရေး ဆွေးနွေးပွဲ တရုတ်နိုင်ငံဆိုင်ရာ အစည်းအဝေး (MSC Conversation:China Edition) ကို ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) “ပြည်သူများ” ဟူသော စကားလုံးသည် ခေတ်သစ်အတွက် တရုတ်ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖိန်၏ အတွေးအခေါ်တွင် အလေးထားဖော်ပြသည့်အရာဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ ရှီကျင့်ဖိန်နှင့် ရှီအား ဗဟိုပြုထားသော CPC ဗဟိုကော်မတီတို့သည် ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုရရှိရေးအတွက်...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်အနေဖြင့် စနစ်တကျ လူမျိုးရေးခွဲခြားဆက်ဆံမှု ပြဿနာများကို ထိထိရောက်ရောက် ကိုင်သွယ်ဖြေရှင်းသင့်ကြောင်း၊ အာရှတိုက်သား အပါအဝင် တိုင်းရင်းသားလူနည်းစုများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးပြီး ၎င်းတို့အား အကြမ်းဖက်မှုနှင့် ကြောက်လန့်နေရမှုများမှ ကင်းဝေးရန် ကာကွယ်ပေးသင့်ကြောင်းနှင့် ၎င်းတို့အကျိုးခံစားခွင့်ရှိသည့် တန်းတူညီမျှတဲ့အခွင့်အရေးများကို ဖန်တီးပေးရန် တိုက်တွန်းကြောင်း...
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သက်ဆိုင်သည့် အဖွဲ့များအနေဖြင့် ယူကရိန်းအရေးကိစ္စအား နိုင်ငံရေးအရ ပြေငြိမ်းရေး ယေဘုယျဦးတည်ချက်အား လိုက်နာသင့်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် အလေးအနက်ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) သက်ဆိုင်ရာက သတင်းအချက်အလက်အတုအယောင်များဖြင့် တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ အပြန်အလှန်ယုံကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး အကျိုးဖြစ်ထွန်းစေမည့်ကိစ္စ ပို၍ လုပ်ဆောင်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ မေးမြန်မှုအပေါ် ထည့်သွင်း ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်အနေဖြင့် အာဖဂန်နိုင်ငံမှပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်းအား ဖယ်ရှားပြီး ဘက်စုံ ပိတ်ဆို့ထားမှုများအားအမြန်ဆုံးပယ်ဖျက်ပေးရေး နှင့် အာဖဂန်နစ္စတန်၌ လူသားချင်းဆိုင်ရာ အကျပ်အတည်းများကို ပြေလျော့စေရေး အတွက် ၄င်း၏ တာဝန်ယူမှုတာဝန်ခံမှုကိုပြန်လည်လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဖေဖော်ဝါရီ ၁၅ ရက်၌ ကျင်းပသော...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အစိုးရက မကြာသေးမီက ထုတ်ပြန်လိုက်သော အမည်ခံ “အမေရိကန် အင်ဒို-ပစိဖိတ် မဟာဗျူဟာ” တွင် ထိုင်ဝမ်ဆက်စပ်ထည့်သွင်းထားခြင်းအား အပြင်းအထန်ကန့်ကွက်ကြောင်း တရုတ်ပြည်မကြီး ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၄ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ၌ တင်းမာမှုများ အရှိန်မြင့်တက်နိုင်ခြင်းနှင့် အကျပ်အတည်းသက်ရောက်မှုရှိနိုင်မည့် အပြုအမူများအား စဉ်းစားချင့်ချိန်လျက် ရှောင်ရှားကြရန် သက်ဆိုင်သူများအားလုံးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် တရုတ်နိုင်ငံက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။