ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ် ခရီးစဉ် လာရောက်သော ပါလက်စတိုင်းသမ္မတ Mahmoud Abbasနှင့် ဇွန် ၁၄ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်-ပါလက်စတိုင်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း...
ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် သည် ဂျာမနီနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ပြီး သတ္တမအကြိမ်မြောက် တရုတ်-ဂျာမနီ အစိုးရအချင်းချင်း ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရန်ရှိကြောင်းနှင့် ပြင်သစ်နိုင်ငံသို့လည်း တရားဝင်ခရီးစဉ်သွားရောက်ကာ ဇွန် ၁၈ ရက် မှ ၂၃ ရက်အတွင်း ကျင်းပမည့်...
ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ကမ္ဘာ့ လူ့အခွင့်အရေး စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ဖိုရမ်ကို ဇွန် ၁၄ ရက်နှင့် ၁၅ ရက်များတွင် ပေကျင်းမြို့၌ ကျင်းပလျက်ရှိသည်။ လူတိုင်းတွင် လူ့အခွင့်အရေး ခံစားခွင့်ရှိရေးသည် လူသားမျိုးနွယ် လူမှုအဖွဲ့အစည်း၏ ကြီးမားသော အိမ်မက်ဖြစ်သည်။ ခေတ်သစ်သို့ ဝင်ရောက်လာသည့်အခါတွင် လူ့အခွင့်အရေး...
ဟန်ကျိုး၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ဟန်ကျိုး ၂၀၂၂ အာရှအားကစားပွဲတော် မီးတောက်ကို လျန်ကျူ ရှေးဟောင်းမြို့တွင် ဇွန် ၁၅ ရက်က မီးထွန်းညှိခဲ့ကာ ၁၉ ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်လှစ်ရန် ရက်ပေါင်း ၁၀၀ နောက်ပြန်ရေတွက်မှု စတင်လိုက်ကြောင်း သိရသည်။ အဆိုပါ မီးတောက်ကို...
ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံကြား သဘောတူညီမှုအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ဇွန် ၁၈ ရက်မှ ၁၉ ရက်အတွင်း တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇွန် ၁၄ ရက်၌ ကြေညာခဲ့သည်။ (Xinhua)...
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး Riyad Al-Maliki တို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ဇွန် ၁၃ ရက်က တွေ့ဆုံခဲ့သည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာ့ လူ့အခွင့်အရေး စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့် ဖိုရမ်သို့ ဇွန် ၁၄ ရက်က ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့သည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် အလည်အပတ်ရောက်ရှိနေသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Iris Xiomara Castro Sarmiento အား ဇွန် ၁၃ ရက်က လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရသည် ဟွန်ဒူးရပ်စ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် ပူးတွဲမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင်က ဇွန် ၁၃ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ပထမအကြိမ် တရုတ်-အလယ်အာရှ နိုင်ငံရေးပါတီများဆွေးနွေးပွဲကို ပေကျင်းမြို့တွင် ဇွန် ၁၂ ရက်က ကျင်းပခဲ့ပြီး အလယ်အာရှဒေသမှ အဓိကနိုင်ငံရေးပါတီများမှ ခေါင်းဆောင် ၂၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။