ပေကျင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်က “ရှင်းကျန်းလူ့အခွင့်အရေး”ကိစ္စရပ်ကို အကြောင်းပြ၍ အမေရိကန်ပြည်တွင်းရေးဥပဒေဖြင့် တရုတ်တာဝန်ရှိများအပေါ် တရားမ၀င် ပိတ်ဆို့အရေးယူမှုများချမှတ်လုပ်ဆောင်ခဲ့သည့်အပေါ် တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက သက်ဆိုင်ရာ လုပ်ဆောင်ချက်သည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြင်းထန်စွာ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံစံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်ပြီး...
ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒီဇင်ဘာ ၂၀ ရက်က ပေကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၁ ခုနှစ် နိုင်ငံတကာအခြေအနေနှင့်တရုတ်နိုင်ငံသံတမန်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် ဝမ်ရိက ၂၀၂၁ ခုနှစ်...
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် ဟောင်ကောင် ဒီမိုကရေစီမရှိဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့်《”တစ်နိုင်ငံ စနစ်နှစ်မျိုး”ဖြင့် ဟောင်ကောင်၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး》စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။
ဟောင်ကောင် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ သတ္တမအကြိမ် ဥပဒေပြုကောင်စီအဖွဲ့ဝင် ၉၀ ဦးစလုံးကို ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက 《”တစ်နိုင်ငံ စနစ်နှစ်မျိုး”ဖြင့် ဟောင်ကောင်၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး》 စက္ကူဖြူစာတမ်းကို ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဟောင်ကောင်အထူးဒေသ ဒီမိုကရေစီ၏ ဖြစ်ပေါ်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်များကို ဘက်စုံ သုံးသပ်မှု ပြုလုပ်၍ ဗဟိုအစိုးရက ဟောင်ကောင်အထူးဒေသ...
ဟောင်ကောင် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဟောင်ကောင်ရွေးကောက်ပွဲစနစ် တိုးတက်ကောင်းမွန်အောင်ပြုလုပ်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ ဥပဒေပြုကောင်စီ(LegCo) သတ္တမသက်တမ်းအတွက် ရွေးကောက်ပွဲမဲပေးမှုသည် ဒီဇင်ဘာ ၁၄ ရက် ညပိုင်းက အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
ဟောင်ကောင် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ ပြည်သူ့တာဝန်ဝတ္တရားများကို အပြည့်အဝကျေပွန်စေရန် နှင့် ကျင်းပဆဲ သတ္တမသက်တမ်း ဟောင်ကောင်ဥပဒေပြုကောင်စီရွေးကောက်ပွဲ(LegCo) ၌ တက်ကြွစွာမဲပေးကြရန် ယနေ့ ဒီဇင်ဘာ ၁၉ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ဟောင်ကောင် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရွေးကောက်ပွဲစနစ် တိုးတက်မြှင်တင်ပြီးချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ယနေ့ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၏ သတ္တမအကြိမ်မြောက် ဥပဒေပြုကောင်စီ(LegCo) ရွေးကောက်ပွဲကို စတင်ကျင်းပခဲ့ရာ မဲရုံမြင်ကွင်းနှင့်ဆန္ဒမဲပေးသူများ မဲပေးရန် တန်းစီစောင့်ဆိုင်းနေပုံများကို ဖော်ပြပါဓာတ်ပုံများတွင် တွေ့မြင်နိုင်ပါသည်။
ဟောင်ကောင် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဟောင်ကောင်ရွေးကောက်ပွဲစနစ်အား တိုးတက်မြှင့်တင်မှု ပြုလုပ်ခဲ့ပြီးချိန်မှစ၍ ပထမဆုံးအနေအဖြစ် ပြုလုပ်သော တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ သတ္တမအကြိမ်မြောက် ဥပဒေပြုကောင်စီ(LegCo) ရွေးကောက်ပွဲကို ယနေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ဟောင်ကောင်ဒေသတစ်ဝှမ်းရှိ မဲရုံပေါင်း ၆၀၀ ကျော်ကို ယနေ့ဒေသစံတော်ချိန် နံနက်...
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ၁၁ ကြိမ်မြောက် တရုတ်စာပေနှင့် အနုပညာအသိုင်းအဝိုင်းအဖွဲ့ချုပ်၏ အမျိုးသားကွန်ဂရက်နှင့် ၁၀ ကြိမ်မြောက် တရုတ်စာရေးဆရာအသင်း၏ အမျိုးသားကွန်ဂရက် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (Xi Jinping) ၏ မိန့်ခွန်းအား ပုံနှိပ်ထုတ်ဝေခဲ့ကြောင်းသိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့်...