ပေကျင်း ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းကြောင်းသစ်ဖောက်လုပ်ရန်မျှော်လင့်ပြီး ၅ နှစ် တစ်ကြိမ် ကျင်းပမြဲဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံကို ယခုလအတွင်း ကျင်းပမည်ဖြစ်သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရေပိုင်နက်ဖြစ်သော တောင်တရုတ်ပင်လယ်အတွင်း Xisha ကျွန်းစုကမ်းရိုးတန်းရေပြင်သို့ အမေရိကန် စစ်သင်္ဘော တစ်စင်းက အခွင့်မရှိဘဲ ဖြတ်ကျော်ဝင်ရောက်ခြင်းအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေး နှင့် ငြိမ်းချမ်းရေး အတွက် မြန်မာအစိုးရ၏ ကြိုးပမ်း အားထုတ်မှုကို အားပေးထောက်ခံကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး က အောက်တိုဘာလ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) သည် ယခုလအတွင်း ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံကို ကျင်းပရန် အသင့်ရှိနေပြီဖြစ်သည်။ တရုတ်လူမျိုးတို့၏ ဓလေ့စရိုက်များနှင့်အတူ အနာဂတ် ဆိုရှယ်လစ်စနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းစဉ်အသစ်များ ချမှတ်ရမည့် အချိန်လည်းဖြစ်သည်။
ပေကျင်း၊ အောက်တိုဘာလ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှား-တရုတ် ချစ်ကြည်ရေးအသင်း တည်ထောင်ခြင်း နှစ် ၆၀ ပြည့် နှစ်ပတ်လည်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ တစ်စောင်အား အောက်တိုဘာလ ၉ ရက်တွင် ပေးပို့လိုက်ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁ဝ ရက် (ဆင်ဟွာ) မကြာမီကျင်းပတော့မည့် တရုတ်ကွန်မြူနစ်ပါတီ ( CPC )၏ ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံသတင်းများကို တစ်သီးပုဂ္ဂလသတင်းသမားများ ၊ နိုင်ငံခြား နှင့် ပြည်တွင်း သတင်းဌာနများမှ သတင်းသမားများအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တပြေညီ ပေးပို့နိုင်ရန် ရည်ရွယ်ပြီး တရုတ်ကွန်မြူနစ်ပါတီ(CPC)...
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဆင်းရဲမွဲတေမှု ဆန့်ကျင်ရေး တိုက်ပွဲအား အနိုင်ရရှိအောင် အခိုင်အမာ တိုးမြှင့်လုပ်ဆောင်ကြရန် ယနေ့ (အောက်တိုဘာလ ၉ ရက်) တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နန်းတော်ပြတိုက် ဝင်ခွင့်လက်မှတ် စောင်ရေ ၈ဝဝဝဝ ကို အောက်တိုဘာလ ၂ ရက်တွင် အွန်လိုင်းပေါ်မှတဆင့် ရောင်းချပေးခဲ့ရာ အချိန် ၂ နာရီအတွင်း လက်မှတ်အားလုံး ရောင်းကုန်သွားကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံသို့ တက်ရောက်ရန် ကိုယ်စားလှယ် ၂၂၈၇ ဦး ရွေးချယ်ထားကြောင်း စက်တင်ဘာလ ၂၉ ရက်တွင် တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ယနေ့ (အောက်တိုဘာလ ၁ ရက်) တွင် ကျရောက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၆၈ နှစ်မြောက် အမျိုးသားနေ့တွင် မြို့တော် ပေကျင်းရှိ ထျန်းအန်းမင်ရင်ပြင်သို့ နိုင်ငံတစ်ဝန်းမှ ပြည်သူ ၁၁၅,၀၀၀ ကျော် ရောက်ရှိကာ နိုင်ငံတော်အလံ လွှင့်တင်ခြင်းအား...