ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ၉ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် ခေါင်းဆောင်များအကြား နိုင်ငံတကာ အခြေအနေ၊ ကမ္ဘာ အုပ်ချုပ်ရေးနှင့် BRICS ပူးပေါင်းဆောင်ရွက်မှု စသည် အရေးကိစ္စများ၌ သဘောတူညီချက်များစွာ ရရှိခဲ့ကြောင်း စက်တင်ဘာလ ၃ ရက်မှ ၅ ရက်အထိ...
ရှမိန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အစဉ်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း နှင့် အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် အီဂျစ်နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ဆောက်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား စက်တင်ဘာလ ၄ ရက်က လက်ခံ တွေ့ဆုံခဲ့ပြီး နယ်ပယ်များစွာ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ပြောကြားခဲ့ကြောင်း သိရသည်။
ရှမိန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ရှမိန်မြို့၌ ပြုလုပ်သော ၉ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးအပြီး ယနေ့(စက်တင်ဘာလ ၅) တွင် သတင်းသမားများနှင့်တွေ ့ဆုံခဲ့ကြောင်း သိရသည်။
ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်-ဂီနီ ဆက်ဆံရေးများ ခိုင်မာသော အရှိန်အဟုန် ရရှိနေပြီဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖိန်က ချီးကျူးလိုက်ပြီး နှစ်နို်င်ငံအနေဖြင့် ဘုံ အကျိုးစီးပွားများနှင့် အဓိက ဆက်စပ်နေသည့် ကိစ္စရပ် တစ်ခုချင်းစီအား နားလည်မှုနှင့် ထောက်ပံ့မှုများ ဆက်လက် ပြုလုပ်သွားသင့်ကြောင်း ပြောကြားခဲ့သည်။
ရှမိန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂ဝ၃ဝ ပန်းတိုင်ရည်မှန်းချက်ကို ဖွံ့ဖြိုးဆဲနိုင်ငံများက အကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် ဈေးကွက်ဖော်ဆောင်မှုတွင် ပိုမိုခိုင်မြဲစွာဖြင့် စည်းစည်းလုံးလုံး နှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် စက်တင်ဘာလ ၄ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်မှု အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန် က စက်တင်ဘာ ၅ရက်တွင်ပြုလုပ်သည့် ပေါ်ထွန်းစ စီးပွားရေးဈေးကွက် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ ဆွေးနွေးမှု စကားဝိုင်း ၌ကြေညာခဲ့သည်။
ရှမိန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဈေးကွက်ဖော်ဆောင်မှုတွင် BRICS အဖွဲ့သည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား အင်ဂျင် ဖြစ်လာမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး ဘာဂျ်ရာကီတီရာဘာ မာဟီဒိုလ် သည် တရုတ်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ စက်တင်ဘာ ၇ရက်မှ ၉ရက်အထိ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Geng Shuang က စက်တင်ဘာ ၄ရက်တွင်ပြောကြားခဲ့သည်။
ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ဖရိကနိုင်ငံတို့ဖြင့်ဖွဲ့စည်းထားသော BRICS အဖွဲ့အစည်း၏ ၁၀ကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားက စက်တင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။