ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးလုပ်ဆောင်ရာ၌ ငြိမ်းချမ်းပြီး တည်ငြိမ်သော ပတ်ဝန်းကျင်တစ်ခု လိုအပ်သည့်အတွက် ယင်းလမ်းမကြီးအား ငြိမ်းချမ်းရေးလမ်းကြောင်းတစ်ခု အဖြစ် တည်ဆောက်သင့်ကြောင်း မေ ၁၄ ရက် ကပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တရုတ်နိုင်ငံမှ ကမ်းလှမ်းလာသော ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှု နှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်မှု ကို အခွင့်အရေးတစ်ရပ်အဖြစ် ဆုပ်ကိုင်သွားကြရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့မေလ ၁၄ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က ယနေ့(မေလ ၁၄ ရက်)တွင် စတင်ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ အဖွင့် မိန့်ခွန်းပြောကြားရာ၌ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုသည် အာရှ ၊ ဥရောပ နှင့် အာဖရိက နိုင်ငံများအတွက် အလေးထားရုံမျှမက ၊...
ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီးတွင် ပါဝင်ကြမည့်နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်တွင် သိပ္ပံဓာတ်ခွဲခန်းပေါင်း ၅ဝ ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ထုတ်ဖော်ပြောကြားလိုက်သည်။
ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုတွင် ပါဝင်မည့် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် နိုင်ငံများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် လာမည့် ၃ နှစ်တာကာလအတွင်း တရုတ်ယွမ်ငွေ ၆ဝ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံ) ကို တရုတ်နိုင်ငံက ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း...
ပေကျင်း၊ မေ ၁၁ ရက် (ဆင်ဟွာ) ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၁၄-၂၀၁၆ ခုနှစ်အတွင်း ယွမ် ၂၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ ထရီလီယံ) ခန့် ရှိခဲ့ကြောင်း အရာရှိ တစ်ဦးက မေလ ၁၀ ရက်တွင်...
ပေကျင်း ၊ မေ ၁ဝ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် Moon Jae-in အား တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ယနေ့(မေလ ၁ဝ ရက်)တွင် ဂုဏ်ပြုစကားဆိုလိုက်ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ ရွေးကောက်ခံသမ္မတ အီမာနျူရယ်လ် မက်ခရွန်း ( Emmanuel Macron) ထံ ယနေ့( မေလ ၈ ရက်)တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ သက်မွေးဝမ်းကျောင်း အသင်း (CVEA) နှစ် ၁ဝဝ ပြည့်အခမ်းအနားသို့ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ တစ်စောင်ကို ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ) ပေကျင်းရဲတပ်ဖွဲ့သည် ဖုန်းသူခိုးများ ပါဝင်သော ဂိုဏ်းတစ်ခုအား မကြာသေးမီက ဖြိုခွဲခဲ့ပြီး တရားခံလေးဦး နှင့် အတူ မိုဘိုင်းဖုန်း ၅၂၅လုံးအား ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရသည်။