ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ဆင်ဟွာ သတင်း အေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်းကျိုသည် ဖိလစ်ပိုင် ဥက္ကဋ္ဌ ရိုဒရီဂို ဒူတာတေး၏ ပြန်ကြားရေး လုပ်ငန်း အတွင်းဝန် မာတင် အန်ဒါနာနှင့် အောက်တိုဘာလ ၂၀ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးအား ယနေ့အောက်တိုဘာလ ၂ဝရက် နံနက်ပိုင်းတွင် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသည် ၄ ရက်ကြာ သမိုင်းဝင်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့သို့အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ရောက်ရှိလာကြောင်း သိရသည်။
ဒါကာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဟာမစ်နှင့် အောက်တိုဘာလ ၁၄ ရက်က တွေ့ဆုံစဉ် တရုတ်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အဓိက အခွင့်အလမ်းများအား ကြိုဆို ပြောကြားလိုက်သည်။
ရှီးကျားကျွမ်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဟူဘေးပြည်နယ် Tangshan မြို့၌ အောက်တိုဘာ ၁၄ရက်တွင် စတင်ကျင်းပသော ၁၀ကြိမ်မြောက် တရုတ်-လက်တင်အမေရိက စီးပွားရေးဆိုင်ရာ ထိပ်သီးညီလာခံ သို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ဒါကာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အောက်တိုဘာ ၁၄ရက်တွင် နိုင်ငံတော် ခရီးစဉ် အဖြစ်ရောက်ရှိလာပြီး ယခု ခရီးစဉ်သည် တရုတ်နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်၃၀အတွင်း ပထမဆုံး ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နတ်ရွာစံထိုင်းဘုရင်မင်းမြတ် ဘူမီဘောအဒူလျာဒတ်အတွက် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာတစ်စောင်ကို ထိုင်းမိဖုရားကြီး သီရိခေတ်(Sirikit) ထံ အောက်တိုဘာလ ၁၃ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
ဖနွမ်းပင်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို့ အောက်တိုဘာလ ၁၃ ရက်က ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံအကြား အစဉ်အလာရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာရန်နှင့် ကျယ်ပြန့်သည့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာနက်ရှိုင်းစေရန် ရည်ရွယ်ကာ လာရောက်ခြင်း ဖြစ်ကြောင်း...
ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် အောက်တိုဘာလ ၁၈ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။
မကာအို၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ပေါ်တူဂီစကားပြောနိုင်ငံများနှင့်အတူ ရေရှည်တည်တံ့သော စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ကာလရှည် တည်ငြိမ်ပြီး ခိုင်မာသော မိတ်ဖက် ဆက်ဆံရေး တိုးတက်မှု ရှိစေရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ် ဝန်ကြီးချုပ် လီခဲ့ချန်က အောက်တိုဘာလ ၁၁ ရက်က ပြောသည်။