ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ထီးနန်းဆက်ခံသည့် ဒိန်းမတ်ဘုရင်သစ် Frederik X ထံဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဇန်နဝါရီ ၁၄ ရက်က ပေးပို့ခဲ့သည်။ တရုတ်-ဒိန်းမတ် ဆက်ဆံရေးသည် လွန်ခဲ့သည့် ၇၄ နှစ်မှစ၍ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ပြီးကတည်းက...
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းများကို ပါတီ၏ အပြည့်အဝ ခေါင်းဆောင်မှုကို အားပေးထောက်ခံကာ တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုအား ခိုင်မာပြီး အာမခံနိုင်သည့် တာဝန်ယူမှုဖြင့် ပံ့ပိုးရန် တိုက်တွန်း ပြောကြားခဲ့သည်။
ထိုင်ပေ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ထိုင်ဝမ်ဒေသခံများသည် ယင်းဒေသ၏ ခေါင်းဆောင်နှင့် ဥပဒေပြုလွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲများအတွက် ဆန္ဒမဲပေးမှုကို ဇန်နဝါရီ ၁၃ ရက် နံနက် ၈ နာရီက စတင်ခဲ့ပြီး ညနေ ၄ နာရီတွင် မဲပေးမှုပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးစစ်စစ်သာဖြစ်ကြောင်း၊ ပြင်ပမှဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၁ ရက်၌ ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင်...
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ Chang’e-6 လကမ္ဘာသွားအာကာသယာဉ်ကို ယခုနှစ် ပထမနှစ်ဝက်တွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာနက ဇန်နဝါရီ ၁၀ ရက်၌ ပြောကြားခဲ့သည်။ Chang’e-6 လကမ္ဘာသွားအာကာသယာဉ်အတွက် ကုန်ပစ္စည်းများကို တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန် ပြည်နယ်ရှိ...
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်အတွင်း မှုခင်းဖြစ်ပွားမှု ၄.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနထံမှ သိရသည်။ တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်သူ့လုံခြုံရေးဌာနများက ၂၀၂၃ ခုနှစ်အတွင်း ပြစ်မှုဆိုင်ရာအဖွဲ့အစည်း ၁,၉၀၀ ကျော် နှိမ်နင်းနိုင်ခဲ့ပြီး မှုခင်းဖြစ်ပွားမှု...
ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများကြား သုံးနိုင်ငံ အင်ဒို-ပစိဖိတ်ဆွေးနွေးပွဲမှ ထုတ်ပြန်သော ပူးတွဲကြေညာချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ငြင်းပယ်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမေရိကန်ကာကွယ်ရေးလုပ်ငန်းကုမ္ပဏီ ၅ ခုကို တန်ပြန်အရေးယူပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် မကြာသေးမီက ထိုင်ဝမ်အား လက်နက်ရောင်းချမှုအသစ်ကို ကြေညာခဲ့သလို အကြောင်းအမျိုးမျိုးပြလျက် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များအား ဒဏ်ခတ်ပိတ်ဆို့မှုများ...
ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနများက ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု ၃၉၁,၀၀၀ မှုကို နှိမ်နင်းနိုင်ခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်၌ ကြေညာခဲ့သည်။ အဆိုပါ မှုခင်းများနှင့် စပ်လျဉ်းသော ပြစ်မှုဆိုင်ရာလှုပ်ရှားမှုများအား ထိရောက်စွာနှိမ်နင်းနိုင်ရန်...
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ၄၅ နှစ်မြောက် နှစ်ပတ်လည်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၂ ရက်တွင် မှတ်ချက်ပြုပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်သည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံကြား သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်မြောက်သည့် နှစ်ဖြစ်သည်။ ထိုအခါသမယအတွက် ဇန်နဝါရီ...