တရုတ်နိုင်ငံအနေဖြင့် တာ့ခ်မင်နစ္စတန်နိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာအား တစ်ဆင့်တိုး၍ မြှင့်တင်ရန် ဆန္ဒရှိကြောင်း တာ့ခ်မင်နစ္စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ရာရှစ် မယ်ရီဒေ့ါနှင့် နိုဝင်ဘာ ၃၀ ရက်၌ တွေ့ဆုံစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZeT...
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝါဂွမ်းများသည် ကမ္ဘာ့အကောင်းဆုံးဝါဂွမ်းများအနက် တစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားနှင့် ကိုက်ညီသော စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို လွတ်လပ်စွာ ကိုယ်တိုင် ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီသည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်အထိ တရားဝင်ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ ၂၉ ရက်၌ ကြေညာခဲ့သည်။...
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က မဟာဗျူဟာမြောက် ပူးတွဲလေကြောင်းကင်းလှည့်မှုအား ဂျပန်ပင်လယ်၌ ပြုလုပ်ခဲ့သည်ဟု တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ၉ ကြိမ်မြောက်ဖြစ်သည့် အဆိုပါ ကင်းလှည့်မှုအား တပ်မတော်နှစ်ရပ်အကြား နှစ်စဉ်ပြုလုပ်မြဲ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua) …………………….. (English Version)...
တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ် အာဏာပိုင်အဖွဲ့ ခေါင်းဆောင် အမေရိကန်နိုင်ငံသို့ မည်သည့်ပုံစံ၊ မည်သည့်အကြောင်းပြချက်ဖြင့်မဆို သွားရောက်ခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZbO ……………………………………………………… (English Version) China opposes...
တရုတ်နှင့် အင်ဒိုနီးရှား စစ်တပ်တို့က လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး (HADR) ပူးတွဲလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံ၌ နိုဝင်ဘာလနှောင်းပိုင်းမှ ဒီဇင်ဘာလအစောပိုင်းအထိ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zbn ……………………… (English...
တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရှိ ကျန်းကျိုး နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစီမံကိန်း၏ ပထမဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးယူနစ်သည် နိုဝင်ဘာ ၂၈ ရက်၌ ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပြီးနောက် လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုစတင်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zbk …………………………………….. (English Version) First unit of...
စိန်ရန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံရှိ ၁၁ သုတ်မြောက် တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ရုပ်ကြွင်းများကို နိုဝင်ဘာ ၂၈ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်သယ်ဆောင်လာမည်ဖြစ်ကြောင်း စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာနမှ သိခဲ့ရသည်။ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ အာဇာနည်ရုပ်ကြွင်းများ ယာယီထားရှိရာ...
တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှု အဆင်ပြေချောမွေ့ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကာ နိုင်ငံအတွင်းရှိ အမျိုးမျိုးသော ဆွဲဆောင်မှုနေရာများသို့ လာရောက်လည်ပတ်၍ တွေ့ကြုံခံစားနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အမျိုးမျိုးကို မျှဝေရန် နိုင်ငံများအားလုံးမှ ခရီးသွားဧည့်သည်များကို ကြိုဆိုလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Y9G ……………………. (English Version) China...