ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး Riyad Al-Maliki တို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ဇွန် ၁၃ ရက်က တွေ့ဆုံခဲ့သည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာ့ လူ့အခွင့်အရေး စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့် ဖိုရမ်သို့ ဇွန် ၁၄ ရက်က ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့သည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် အလည်အပတ်ရောက်ရှိနေသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Iris Xiomara Castro Sarmiento အား ဇွန် ၁၃ ရက်က လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရသည် ဟွန်ဒူးရပ်စ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် ပူးတွဲမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင်က ဇွန် ၁၃ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ပထမအကြိမ် တရုတ်-အလယ်အာရှ နိုင်ငံရေးပါတီများဆွေးနွေးပွဲကို ပေကျင်းမြို့တွင် ဇွန် ၁၂ ရက်က ကျင်းပခဲ့ပြီး အလယ်အာရှဒေသမှ အဓိကနိုင်ငံရေးပါတီများမှ ခေါင်းဆောင် ၂၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Xiomara Castroနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇွန် ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံနှင့် ဆက်စပ်သည်ဟူသော အကြောင်းပြချက်ဖြင့် တရုတ်ကုမ္ပဏီအချို့နှင့် လူပုဂ္ဂိုလ်အချို့အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မကြာသေးမီ ကာလက ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် (အတွဲ ၄) ကို ပြင်သစ်၊ ရုရှား၊ အာရဗီ၊ စပိန်၊ ပေါ်တူကီ၊ ဂျာမနီ၊ ဂျပန်နှင့် တရုတ်(ရိုးရာစာလုံး)စသည့် ဘာသာစကားများဖြင့် ပုံနှိပ်ထုတ်ဝေ၍ ပြည်တွင်းပြည်ပသို့ ဖြန့်ချိခဲ့သည်။
ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့စီးပွားရေး ပြန်လည် ဦးမော့လာနိုင်ရေးအတွက် တရုတ်စီးပွားရေးက မောင်းနှင်အားအဖြစ် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တရုတ်နိုင်ငံသို့ ပိုမိုလာရောက်ကြရန်၊ တရုတ်ဈေးကွက်သို့ ထဲထဲဝင်ဝင် ထိုးဖောက်၍...
ဘန်ဒါဆရီဘဂါဝန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ဗိုလ်လောင်းလေ့ကျင့်ရေးနှင့် ပင်လယ်ပြင်အတွင်းမစ်ရှင် သွားရောက်သည့် တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘော Qi Jiguang (Hull 83) သည် ဘရူနိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာအဆုံးသတ်ပြီးနောက် ဇွန် ၈ ရက်က ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။ အဆိုပါ သင်္ဘောအား နှုတ်ဆက်ပွဲအခမ်းအနားကို ဘရူနိုင်းနိုင်ငံ...