ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ မြို့တော်ပေကျင်းသို့ ခရီးစဉ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်းက ပေကျင်း ရှိ ထျန်အန်းမန်ရင်ပြင်တွင် တရုတ်နိုင်ငံ ပြည်သူ့အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်၌ နိုဝင်ဘာ ၁၅ ရက်တွင် လွမ်းသူ့ပန်းခွေချခဲ့ကြောင်း သိရသည်။ (Xinhua)...
ဂျိုဟန်နက်စ်ဘာ့ခ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ခိုင်မာအားကောင်းရေးနှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအတွက် နည်းလမ်းများကို လေ့လာဖော်ထုတ်မည့် ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာနှင့် Think Tank ဖိုရမ် တရုတ်-အာဖရိက မိတ်ဖက်ဆက်ဆံရေးဆွေးနွေးပွဲအား တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်က ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။
ကူမင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့က ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်မှု ပူးတွဲတိုက်ဖျက်ရေး ဝန်ကြီးအဆင့် အစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ...
ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်ပြည်မကြီး၏ ထိုင်ဝမ်ရေးရာ ထိပ်တန်းအရာရှိ စုန့်ထောင်းသည် တရုတ် ကူမင်တန်ပါတီ (KMT) ဒုတိယဥက္ကဋ္ဌ ကျန်းရုန်ကုန်းနှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၁၄ ရက်က ရှန်ဟိုင်းမြို့ တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဂျိုဟန်နက်စ်ဘာ့ခ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) နိုင်ငံတကာအသိုက်အဝန်းက အကျပ်အတည်းများကြားတွင် အခွင့်လမ်းများကို ရှာဖွေလျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို မြှင့်တင်ကာ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုကို အားဖြည့်လျက်ရှိကြောင်း နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်သည့် ဆင်ဟွာ၏ Think Tank အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဂျိုဟန်နက်စ်ဘာ့ခ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တိုးများလာသော အကျပ်အတည်းများနှင့် ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်မှုများကို အဓိကနိုင်ငံများက ထိထိရောက်ရောက် တုံ့ပြန်နိုင်ခြင်းမရှိသောကြောင့် ကမ္ဘာကြီးသည် ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု၏ မှောင်မိုက်သောအချိန်နှင့် ရင်ဆိုင်နေရကြောင်း ဆင်ဟွာ think tank အဖွဲ့၏ နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့သော...
ဂျိုဟန်နက်စ်ဘာ့ခ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) နိုင်ငံတကာအသိုင်းအဝိုင်းက ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု ပုံစံသစ် တစ်ရပ်ကို အရေးတကြီး လိုအပ်နေကြောင်း နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်သည့် ဆင်ဟွာ Think Tank အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသည့် ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်းနှင့် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
“ရှီကျင့်ဖိန်၏ နိုင်ငံရေးရာ စီမံခန့်ခွဲမှု” တတိယတွဲ အီတလီဘာသာဖြင့် ထုတ်ဝေမှု မိတ်ဆက်ပွဲအခမ်းအနားနှင့် နိုင်ငံရေးရာစီမံခန့်ခွဲမှုဆိုင်ရာ တရုတ်-အီတလီ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၁၃ ရက်က ရောမမြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံရှိ နယ်ပယ်များစွာမှ ဧည့်သည်တော်ကိုယ်စားလှယ်ပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ “ရှီကျင့်ဖိန်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု” တတိယတွဲ အီတလီဘာသာဖြင့်...
ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်သည့် ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်းတို့သည် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။