ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက မတ် ၁၄ ရက်တွင် ကျင်းပမည့် အီရန် နျူကလီးယားအရေးအတွက် တရုတ်-ရုရှား-အီရန်၏ ပေကျင်းတွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မတ် ၁၃ ရက်တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားရာတွင် ပေကျင်းတွေ့ဆုံဆွေးနွေးမှုသည် တရုတ်နိုင်ငံ၏...
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် လာအိုနိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane နှင့် မတ် ၁၃ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပနားမားမြို့၊ မတ် ၁၄ ရက် (ဆင်ဟွာ) ပနားမားနိုင်ငံအနေဖြင့် တူးမြောင်း အချုပ်အခြာအာဏာအား ခိုင်မာစွာကာကွယ်သွားမည်ဖြစ်ကြောင်း၊ “ပနားမားတူးမြောင်းကို ပနားမားပြည်သူများက ပိုင်ဆိုင်ပါတယ်၊ အမြဲတစေ ဒီလိုပဲဖြစ်ပါလိမ့်မယ်” ဟု ပနားမား နိုင်ငံခြားရေးဝန်ကြီး Javier Martínez-Acha က မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) ယခုအချိန်အထိ နိုင်ငံပေါင်း ၃၈ နိုင်ငံကို တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံ၏ ဖြတ်သန်းဗီဇာကင်းလွတ်ခွင့်ကို ၂၄၀ နာရီအထိ တိုးမြှင့်ပေးခဲ့ခြင်း၊ ၂၀၂၄ ခုနှစ်တွင် တစ်ဖက်သတ်ဗီဇာကင်းလွတ်ခွင့် မူဝါဒဖြင့် တရုတ်နိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးစဉ်...
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) အီရန်နျူကလီးယားအရေး တရုတ်-ရုရှား-အီရန် ပေကျင်းဆွေးနွေးပွဲကို တရုတ်နိုင်ငံက မတ် ၁၄ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူက မတ် ၁၂ ရက်၌ ကြေညာခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာကျောင်းရွှိက အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်မည်...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) Mark Carney သည် မကြာသေးမီရက်က ကနေဒါ အာဏာရပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရရာ ကနေဒါ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။ သက်ဆိုင်ရာ သတင်းများကို တရုတ်နိုင်ငံက ဂရုပြုမိကြောင်းနှင့် မစ္စတာ Mark Carney အား ဂုဏ်ပြုပါကြောင်း တရုတ်နိုင်ငံ...
ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်အရ လာအို နိုင်ငံခြားရေးဝန်ကြီး Thongsavanh သည် မတ် ၁၂ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက...
ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) ကုလသမဂ္ဂနှင့် ၎င်း၏ အထူးအဖွဲ့အစည်းဌာနများက ထိုင်ဝမ်အရေးဆွေးနွေးရာတွင် အသုံးပြုသော အခေါ်အဝေါ်မှာ “တရုတ်နိုင်ငံ ထိုင်ဝမ်ပြည်နယ်” ဖြစ်ကြောင်း၊ “တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုအနေဖြင့် ထိုင်ဝမ်တွင် သီးခြားခွဲထွက်သည့် အနေအထားမရှိ” ကြောင်း၊ ယင်းမှာ ကုလသမဂ္ဂ၏ အစဉ်အမြဲ ရပ်တည်ချက်ဖြစ်ပြီး အားလုံးမှာ စစ်ဆေးရန်...
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ) လွန်ခဲ့သောနှစ်များအတွင်း တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်အား သင့်တင့်မျှတစွာဖြင့် တည်တည်ငြိမ်ငြိမ် တိုးတက်မှုကို ထိန်းသိမ်းထားကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၉ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ အီရန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ရေတပ်များက မတ်လအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။