အမေရိကန်သည် ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသူ မဟုတ်ဘဲ ပြဿနာရပ်များ၏ ဇစ်မြစ်ဖြစ်သည်ကို လုံလောက်သော လက်တွေ့ဖြစ်ရပ်များက သက်သေပြပြီး ဖြစ်ကြောင်း ပြောကြားလျက် အမေရိကန်အရာရှိအချို့၏ မှားယွင်းသော ပြောဆိုချက်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၂၁ ရက်(အင်္ဂါနေ့)တွင် ငြင်းပယ်ခဲ့သည်။ (Xinhua) xhtxs.cn/EVX ———————————- U.S. is biggest source...
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် သိုက်ပင်းက ကိုရီးယားကျွန်းဆွယ်အရေးကို နိုင်ငံရေးအရ အဖြေရှာရန် ကတိကဝတ်များ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/EUE —————————— Dai Bing, China’s deputy permanent representative to the UN, stresses need for...
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ဒုတိယအကြိမ်မျက်နှာစုံညီအစည်းအဝေးကို ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပသော CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအစည်းအဝေး၏ ဆုံးဖြတ်ချက်အရသိရသည်။ (Xinhua) xhtxs.cn/EUy ————————- The second plenary...
အမေရိကန်လေပိုင်နက်အတွင်းသို့ တရုတ် အရပ်ဘက်မောင်းသူမဲ့ လေသင်္ဘောတစ်စင်း ရည်ရွယ်ခြင်းမရှိဘဲဝင်ရောက်သွားခဲ့ပြီးနောက် တရုတ်နိုင်ငံအား မလိုမုန်းထား သိက္ခာကျသော “တရုတ်ခြိမ်းခြောက်မှု” ဟူသော ချဲ့ကားပြောဆိုမှု ဆုံးဖြတ်ချက်အပေါ် အမေရိကန်အထက်လွှတ်တော်က အတည်ပြုခဲ့ခြင်းအတွက် တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/ETb ——————— China slams U.S. Senate for...
ကောင်းမွန်သော တရုတ်-ဗြိတိန် ဆက်ဆံရေးသည် နှစ်နိုင်ငံအကျိုးစီးပွါးအတွက်သာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဖြစ်ထွန်းစေကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ပြောကြားခဲ့သည်။ (Xinhua)xhtxs.cn/ET7 ——————————— A sound China-Britain relationship not only serves the interests of both countries, but also...
တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ငလျင်ဒဏ်သင့် တူရကီနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အရေးပေါ်လိုအပ်သည့် ချည်ထည်ရွက်ဖျင်တဲ တန် ၂၀ အား ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/ESU ————————— China’s Red Cross delivers humanitarian aid to quake-hit Türkiye...
တရုတ်ပြည်မကြီး နှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား ယာဉ်မောင်းလိုင်စင်များ အပြန်အလှန် အသိအမှတ်ပြုခြင်း နှင့် ဖလှယ်ခြင်း ဖြစ်မြောက်စေရေးအတွက် သဘောတူညီတစ်ရပ်အား ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန(MPS) နှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/ER1 —————————- Chinese mainland, Macao to mutually recognize...
နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာ ၊ နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရန် အဆင့်မြင့်တရုတ်သံတမန်က တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/EPG —————————— Senior Chinese diplomat urges respect for sovereignty, territorial integrity of all countries Senior Chinese diplomat...
အမေရိကန်နိုင်ငံအနေဖြင့် လေသင်္ဘောဖြစ်စဉ်တွင် အယူအဆအမှားကို ပြင်ဆင်ရန် အဆင့်မြင့်တရုတ်သံတမန်က တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/EPH ———————————– Senior Chinese diplomat urges U.S. to correct mistakes in airship incident Senior Chinese diplomat urges U.S....
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အဆင့်မြင့် တရုတ်-အာဖရိက ကံကြမ္မာအကျိုးတူအသိုက်အဝန်း တည်ဆောက်ရန် အာဖရိကနိုင်ငံနိုင်ငံများ၏ ခေါင်းဆောင်များနှင့်အတူ လုပ်ဆောင်ရန် ၎င်းအနေဖြင့် အဆင်သင့်ရှိနေကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/EO4 ———————– Xi calls for high-level China-Africa community with...