Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လာအို နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Pany Yathotou တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လာအို နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Pany Yathotou တို့ တွေ့စုံစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လာအို နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Pany Yathotou တို့သည် နိုဝင်ဘာ ၁၄ ရက်နေ့၌ ဗီယင်ကျန်း မြို့ရှိ အမျိုးသား အစည်းအဝေး ခန်းမ တွင် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် နိုင်ငံ နှင့် လာအို နိုင်ငံ တို့သည် စီမံအုပ်ချုပ်မှု ပုံစံခြင်း တူညီပြီး အတွေးအမြင်ချင်းလည်း ကိုက်ညီမှု ရှိသည့် အတွက် ပူးပေါင်းဆောင်ရွက်မှု အလားအလာ လွန်စွာ ကြီးမားကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံ နှင့် အတူတကွ အပြန်အလှန် ယုံကြည်မှု နှင့် မိတ်ဆွေ အိမ်နီးချင်း နိုင်ငံ ဆက်ဆံရေး ကို တိုးမြှင့်ကာ နှစ်နိုင်ငံ ခေတ်သစ် ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ကို တွန်းအားပေး ဆောင်ရွက်သွား လိုကြောင်း ၊ နှစ်နိုင်ငံ ဥပဒေ အဖွဲ့အစည်း များအနေဖြင့် အနီးကပ် ဆက်ဆံရေး ကို ထိန်းသိမ်းကာ အဖွဲ့အစည်း အချင်းချင်း ဖလှယ်မှု ကို တိုးမြှင့်သွားလိုကြောင်း ၊ နှစ်နိုင်ငံ အိမ်နီးချင်း မိတ်ဆွေဆက်ဆံရေး နှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ကို ပိုမို နက်ရှိုင်းစေရန် အားအင်သစ်များကို ဖြည့်စွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

Pany Yathotou က လာအို-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် လာအို နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ လာအို နိုင်ငံ လွှတ်တော် အနေဖြင့် ယခု လာရောက်လည်ပတ်သည့် သမ္မတရှီ၏ ခရီးစဉ် အတွင်း နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ ရရှိခဲ့သည့် အရေးကြီး သဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ရေရှည် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ပြီး တရုတ် နိုင်ငံ နှင့် ပူးပေါင်းဖလှယ်မှု ကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.