Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် Malcolm Turnbull တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် Malcolm Turnbull တွေ့ဆုံစဉ်(ဆင်ဟွာ)

မနီလာ ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် Malcolm Turnbull တို့သည် နိုဝင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်း အချိန်တွင် မနီလာမြို့ ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း လီခဲ့ချန် က တရုတ်-သြစတြေးလျ နှစ်နိုင်ငံ သည် နှစ်ဘက်နိုင်ငံ တို့၏ ဖွံ့ဖြိုးတိုးတက်မှု ကို အခွင့်အလမ်း အဖြစ် ရှုမြင်ခဲ့ကြကြောင်း ၊ နှစ်စဉ် နှစ်နိုင်ငံ ဝန်ကြီးချုပ် တို့မှ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သည့် အစီအစဉ် သည် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အလွန်အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ဆက်လက်၍ အနီးကပ် ဆက်ဆံရေး ထားရှိပြီး ပူးပေါင်းဆေင်ရွက်မှု နှင့် ဖလှယ်မှု ကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ၊ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေး မှ ရရှိခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ လွတ်လပ်သော ကုန်သွယ်မှု ကို ထိန်းသိမ်းခြင်းဖြင့် တရားမျှတသည့် သည် ကုန်သွယ်မှု ကို ရရှိနိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် သြစတြေးလျ နိုင်ငံ နှင့် အတူတကွ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပုံစံ ပိုမို ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

Malcolm Turnbull က သြစတြေးလျ နိုင်ငံ နှင့် တရုတ် နိုင်ငံ အကြား ဆက်ဆံရေး သည် အင်အား တောင့်တင်းစွာ ဖွံ့ဖြိုးတိုးတက်နေပြီး ပူးပေါင်းဆောင်ရွက်မှု အလားအလာ လွန်စွာ ကျယ်ပြန့်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် လွတ်လပ်စွာ ကုန်သွယ်မှု ကို ထောက်ခံအားပေးပြီး အတူတကွ ကမ္ဘာ့ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားသင့်ကြောင်း ၊ သြစတြေးလျ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ဒေသတွင်း ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မှု များကို တွေ့ရှိရသောကြောင့် လွန်စွာ ဝမ်းမြောက်မိပြီး တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.