Politics, Law & Military
SCO မူဘောင်အောက်တွင် ချေးငွေရန်ပုံငွေအတွက် တရုတ်နိုင်ငံက ယွမ် ၃ ဘီလီယံ မတည်မည်ဟု သမ္မတ ရှီ ကြေညာ

ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ရှန်ဟိုင်း ပူးပေါင်ဆောင်ရွက်မှုအဖွဲ့ (SCO) ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း အထူးချေးငွေရန်ပုံငွေ ယွမ် ၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံ) မတည်မည်ဟု သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် ကြေညာလိုက်သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင် ကမ်းရိုးတန်းမြို့တွင် ကျင်းပသော ၁၈ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များကောင်စီ အစည်းအဝေး၌ ရှီက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)