Connect with us

Politics, Law & Military

SCO ပူးပေါင်းဆောင်ရွက်မှုအတွက် အများပြည်သူဆိုင်ရာထောက်ပံ့မှု တိုးမြှင့်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် တိုက်တွန်း


ဒူရှန်းဘီ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization) ပူးပေါင်းဆောင်ရွက်ရေး အများပြည်သူဆိုင်ရာ ထောက်ပံ့မှု တိုးမြှင့်ခြင်းအတွက် ပြည်သူအချင်းချင်း ဖလှယ်မှုများခိုင်မာရန် အဖွဲ့ဝင်နိုင်ငံများအား အောက်တိုဘာလ ၁၂ ရက်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

လီသည် တာဂျစ်ကစ္စတန်နိုင်ငံ မြို့တော် ဒူရှန်းဘီတွင် ကျင်းပသော ၁၇ ကြိမ်မြောက် SCO အစိုးရခေါင်းဆောင်များ ကောင်စီအစည်းအဝေးသို့ တက်ရောက်စဉ် အထက်ပါအတိုင်း အဆိုပြုခဲ့ခြင်းဖြစ်သည်။SCO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ ရှင်းကျန်းယူအီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ SCO မိတ်ဖက်ဆေးရုံနှင့် နိုင်ငံတကာ ကျန်းမာရေးစင်တာ ပလက်ဖောင်းမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ်က အကြံပြုခဲ့သည်။

၁၇ ကြိမ်မြောက် SCO အစိုးရခေါင်းဆောင်များ ကောင်စီအစည်းအဝေးသို့ တက်ရောက်သူများ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုကို ကြေးနန်းဆက်သွယ်ရေးမှတစ်ဆင့် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ SCO ဖွံ့ဖြိုးတိုးတက်မှုအတွက် အများပြည်သူဆိုင်ရာ ထောက်ပံ့မှုခိုင်မာရေးတွင် ပြည်သူအချင်းချင်းနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းက အရေးပါကြောင်း လီက အလေးထား ပြောကြားခဲ့သည်။ကျန်းမာရေးစောင့်ရှောက်မှုအပြင် ပညာရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ အားကစား၊ ခရီးသွားလုပ်ငန်းနှင့် လူငယ်ရေးရာဖလှယ်မှုများ စသည့်နယ်ပယ်များ၌လည်း ပူးပေါင်းဆောင်ရွက်မှု ထူထောင်ကြရန် လီက အဆိုပြုခဲ့သည်။ထို့ပြင် SCO အဖွဲ့ဝင်နိုင်ငံများ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် အသေးစိတ်အစီအစဉ်များနှင့်အတူ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ SCO သဘောထားကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.