Connect with us

Politics, Law & Military

တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း တည်ဆောက်မှု ကို တွန်းအားပေး ဆောင်ရွက်လိုကြောင်း ဥဇဘက်ကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် ပြောကြား

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဥဇဘက်ကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် Abdulla Aripov တို့ အောက်တိုဘာ ၁၂ ရက် ၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဒူရှန်းဘီ ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဥဇဘက်ကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် Abdulla Aripov တို့ အောက်တိုဘာ ၁၂ ရက် ညပိုင်း အချိန် တွင် ဒူရှန်းဘီ မြို့ ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း လီခဲ့ချန် က တရုတ် နိုင်ငံ နှင့် ဥဇဘက်ကစ္စတန် နိုင်ငံ တို့သည် အိမ်နီးချင်း မိတ်ဆွေ နိုင်ငံ များ ဖြစ်ကြပြီ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး တည်ရှိကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် တန်းတူညီမျှပြီး အပြန်အလန် အကျိုးဖြစ်ထွန်းစေမှု ကို အခြေခံ၍ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် ဆောင်ရွက်ခဲ့ကာ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု ကို တိုးမြင့် နိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ က ကဏ္ဍ အသီးသီး တွင် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း များ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့် နိုင်ငံရေး အရ ဆက်ဆံမှု အား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အနေဖြင့် ဥဇဘက်ကစ္စတန် နိုင်ငံ နှင့် အတူတကွ အရည်အသွေး မြင့်မား ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းမှု တည်ရှိသည့် ကုန်ထုတ်လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုများ ကို ပြုလုပ်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ ကို မျှဝေ သွားပြီး တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များအား ဥဇဘက်ကစ္စတန် နိုင်ငံ စက်မှုကုန်ထုတ်ရေး တည်ဆောက်မှု တွင် တက်ကြွစွာ ပါဝင်ကြရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တွင် အောင်မြင်မှု များ ပိုမို ရရှိအောင်တွန်းအား ပေး ဆောင်ရွက်သွားပြီ လာမည့်နှစ် တွင် ကျင်းပ ပြုလုပ်မည့် နှစ်နိုင်ငံ အစိုးရ အကြား ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ကို အောင်မြင်စွာ ကျင်းပ နိုင်ရန် ဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍ အသီးသီး ပူးပေါင်းဖလှယ်မှု ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ပြီး အတူတကွ အကျိုးဖြစ်ထွန်းမှု ကို အကောင်အထည် ဖော်ဆောင်ရွက်သွားလိုကြောင်း တရုတ် နိုင်ငံ ဝန်ကြီးချုပ် က ပြောကြား ခဲ့သည်။

ဥဇဘက်ကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် Abdulla Aripov က ဥဇဘက်ကစ္စတန်-တရုတ် နှစ်နိုင်ငံ အဆင့်မြင့် ဆက်ဆံရေး အပေါ် ကျေနပ်မှု ရှိပြးီ တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို တက်ကြွစွာ ထောက်ခံအားပေးကြောင်း ၊ နှစ်နိုင်ငံ အစိုးရ ကော်မတီ အကြား လုပ်ငန်းဆောင်ရွက်မှုများကို တွန်းအားပေး ဆောင်ရွက်လိုပြီး တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း တည်ဆောက်မှု ကို တွန်းအားပေး ဆောင်ရွက် သွားလိုကြောင်း ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှု ၊ စိုက်ပျိုးရေး ၊ ပညာရေး နှင့် ခရီးသွား စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေလိုပြီး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ အသစ်များ အဆက်မပြတ် ဖော်ဆောင်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)