Connect with us

Politics, Law & Military

SCO အစည်းအဝေးအတွက် မီဒီယာစင်တာကို ဇွန်လ ၆ ရက်တွင် ဖွင့်မည်

ပုံစာ - ၁၈ ကြိမ်မြောက် SCO ထိပ်သီးအစည်းအဝေးအတွက် မီဒီယာစင်တာ ပြင်ဆင်မှု အခြေအနေကို တွေ့ရစဉ် (ဆင်ဟွာ)

ချင်းသောင်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

၁၈ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Coorperation Organization) ထိပ်သီးအစည်းအဝေး၏ မီဒီယာစင်တာကို ဇွန်လ ၆ ရက်မှစတင်ကာ ပြည်တွင်း ပြည်ပ သတင်းစာဆရာများအတွက် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း အစည်းအဝေးဖြစ်မြောက်ရေးစီစဉ်သူများက ဇွန်လ ၃ ရက်တွင် ပြောကြားလိုက်သည်။

မီဒီယာစင်တာ၏ အဆောက်အအုံမှာ စတုရန်းမီတာ ၃၅၀,၀၀၀ ကျယ်ဝန်းပြီး သတင်းစာဆရာ ၃,၀၀၀ ခန့်အတွက် ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း စင်တာ၏ ဒုတိယ ညွှန်ကြားရေးမှူး ဟူရှောင်တုံ က ပြောကြားခဲ့သည်။

၁၈ ကြိမ်မြောက် SCO ထိပ်သီးအစည်းအဝေးအတွက် မီဒီယာစင်တာ ပြင်ဆင်မှု အခြေအနေကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ စင်တာကို ဇွန်လ ၆ ရက်မှ ၁၁ ရက်အထိ ဖွင့်လှစ်မည် ဖြစ်သည်။ ၁၈ ကြိမ်မြောက် SCO ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် ချင်းသောင်မြို့တွင် ဇွန်လ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပရန်လျာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.