Connect with us

Politics, Law & Military

အီးယူ ကော်မရှင် ဥက္ကဋ္ဌ နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံဆွေးနွေး

အီးယူ ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

အီးယူ ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က ဇွန်လ ၁ ရက်နေ့ ၌ ဘရပ်ဆဲလ် မြို့တွင် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း အီးယူ ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker က နိုင်ငံတကာ အခြေအနေ သည် လက်ရှိချိန်တွင် နက်ရှိုင်းရှုပ်ထွေးစွာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး နိုင်ငံတကာ ကိစ္စရပ်များ တွင် တစ်ဖက်သတ် အရေးယူမှုများ ဆောင်ရွက်နေခြင်း ကို လုံးဝ လက်မခံ နိုင်ကြောင်း ၊ ယခုကဲ့သို့သော အခြေအနေ မျိုးတွင် အီးယူ နှင့် တရုတ် နိုင်ငံ တို့မှ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ကို တိုးမြှင့်ဆောင်ရွက်ခြင်း သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး စည်းစနစ် ကို အတူတကွ ထိန်းသိမ်း ပေးနေခြင်း ဖြစ်ကြောင်း ၊ ဤသည်မှာ အီးယူ-တရုတ် ၏ အကျိုးစီးပွား နှင့် ကမ္ဘာ့ အကျိုးစီးပွား တို့နှင့် ကိုက်ညီမှုရှိကြောင်း ၊ အီးယူ အနေဖြင့် တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု ကို လွန်စွာ အလေးထားပြီး အတူတကွ ကြိုးပမ်း ဆောင်ရွက်မှု ဖြင့် လာမည့်လ တွင် ကျင်းပ ပြုလုပ်မည့် ၂၀ ကြိမ်မြောက် အီးယူ-တရုတ် ခေါင်းဆောင်များ အစည်းအဝေး အောင်မြင်စွာ ကျင်းပ နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က လက်ရှိ နိုင်ငံတကာ အခြေအနေ မှာ မသေချာမှုများ ဖြင့် ပြည့်နက်နေပြီး တစ်ဖက်သတ်မူဝါဒ နှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ တို့ ဦးမော့လာချိန် ဖြစ်ကြောင်း ၊ တရုတ် နှင့် အီးယူ တို့က ကမ္ဘာပေါ်ရှိ တည်ငြိမ်ပြီး တာဝန်ယူမှုရှိသည့် အင်အား နှစ်ခု အနေဖြင့် အတူတကွ ပူးပေါင်းက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း တွင် ပါဝင်သည့် မူဝါဒ များကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ပုံစံ ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပြီး ပွင့်လင်းသည့် ကမ္ဘာ့စီးပွားရေး ပုံစံ ကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အီးယူ နှင့် ပူးပေါင်းကာ ၂၀ ကြိမ်မြောက် အီးယူ-တရုတ် ခေါင်းဆောင်များ အစည်းအဝေး တွင် အောင်မြင်မှုများစွာ ရရှိအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.