Science & Technology
တရုတ်နိုင်ငံမှ နည်းပညာသစ်စမ်းသပ်မှု ဂြိုဟ်တု ၂လုံးအား လွှတ်တင်

ရှီးချန်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာ မှ နည်းပညာသစ်စမ်းသပ်မှု ဂြိုဟ်တု ၂လုံးအား Long March-2C ဒုံးပျံဖြင့် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းဂြိုဟ်တု ၂လုံးအား နံနက် ၁၁း၃၀နာရီတွင် လွှတ်တင်ခဲ့ပြီး သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ဂြိုဟ်တုကြားကွန်ရက် နှင့် ချိတ်ဆက်ကာ ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး ဂြိုဟ်တုများ ပေါ်တွင် နည်းပညာသစ်များအား စမ်းသပ်လုပ်ဆောင်ရန် ဖြစ်ကြောင်း သိရသည်။
ယခုလွှတ်တင်မှုသည် Long March အမျိုးအစား ဒုံးပျံ၏ ၂၇၈ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)