Connect with us

Science & Technology

တရုတ်နိုင်ငံမှ Beidou တည်နေရာပြဂြိုဟ်တုသစ် တစ်လုံး လွှတ်တင်

တရုတ်နိုင်ငံ စီချန် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှဇူလိုင် ၁၀ ရက် နံနက် ၄း၅၈နာရီတွင် လွှတ်တင်ခဲ့သည့် Beidou တည်နေရာပြဂြိုဟ်တုသစ်တစ်လုံးအား တွေ့ရစဉ် (ဆင်ဟွာ)

စီချန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သည် Beidou တည်နေရာပြဂြိုဟ်တုသစ်တစ်လုံးအား နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် စီချန် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-3A ဒုံးပျံဖြင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဇူလိုင် ၁၀ ရက် နံနက် ၄း၅၈နာရီတွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။

ယခုဂြိုဟ်တုသည် Beidou တည်နေရာပြစနစ် ၏ ၃၂ခုမြောက် ဖြစ်ပြီး ယင်းစနစ်၏ ဒုတိယမျိုးဆက်ဖြစ်သော Beidou-2 ဂြိုဟ်တုအုပ်စုမှ ဂြိုဟ်တုတစ်လုံးဖြစ်ကြောင်း သိရသည်။

ယခုလွှတ်တင်မှုသည် Long March အမျိုးအစား ဒုံးပျံ၏ အကြိမ် ၂၈၀မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၂၀၁၇ခုနှစ် တွင် Beidou တည်နေရာပြစနစ်၏ တတိယမြောက်မျိုးဆက်ကို စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ အာကာသအတွင်းသို့ Beidou-3 ဂြိုဟ်တု၈လုံးကို လွှတ်တင်ပြီးဖြစ်ကြောင်း သိရသည်။

Beidou စနစ် သည် အနာဂါတ်တွင် အခြားသော နည်းပညာများဖြစ်သော အင်တာနက်၊ အဝေးထိန်းစနစ်၊ အချက်အလက်များစွာ သိမ်းဆည်းမှု နှင့် Cloud ကွန်ပြူတာစနစ်တို့ နှင့် တွဲဖက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၅နှစ်အတွင်း ယင်းစနစ်သည် ငါးဖမ်းသမား ၁၀,၀၀၀ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံတွင် ၎င်းစနစ်အား ငါးဖမ်းလှေ ၄၀,၀၀၀ ကျော် နှင့် စီးပွားဖြစ်ယာဉ် အစီးရေ ၄.၈သန်းတွင် တပ်ဆင်ထားကြောင်း Beidou ပြောရေးဆိုခွင့်ရှိသူ Ran Chengqi ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.