Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ဒုတိယမြောက် ဓာတ်ခွဲခန်း အာကာသယာဉ် လွှတ်တင်ရေးစခန်းသို့ရောက်ရှိ

တရုတ် ဓာတ်ခွဲခန်း အာကာသယာဉ် Tiangong-2 အားတွေ့ရစဉ် (ဆင်ဟွာ)

ဂျူကွမ် ၊ ဇူလိုင် ၁ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဒုတိယမြောက် ဓာတ်ခွဲခန်း အာကာသယာဉ် Tiangong-2 သည် Jiuquan ဂြိုလ်တု လွှတ်တင်ရေး စခန်းသို့ရောက်ရှိသွားပြီဖြစ်ကြောင်း နှင့် ၎င်းယာဉ်ပေါ်လိုက်ပါသွားသမည့် အာကာသယာဉ်မှူး နှစ်ဦးသည် အာကာသထဲတွင် ရက်ပေါင်း ၃ဝ ကြာနေထိုင်သွားရန် ရှိကြောင်းသိရသည်။

အဆိုပါ ဓာတ်ခွဲခန်း အာကာသာယာဉ်ကို တရုတ်နိုင်ငံ ပေကျင်းမြို့မှ ဇူလိုင် ၇ ရက်တွင် ရထားဖြင့် သယ်ဆောင်လာခဲ့ပြီး ဇူလိုင် ၉ ရက်တွင် Jiuquan ဂြိုလ်တု လွှတ်တင်ရေး စခန်းသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံမှ လွှတ်တင်ထားသည့် Tiangong-2 နှင့် Shenzhou-11 အာကာသယာဉ်နှစ်စင်းသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို အသီးသီးလုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တရုတ်အာကာသအင်ဂျင်နီယာရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သိပ္ပံဓာတ်ခွဲခန်း အာကာသယာဉ်အား တပ်ဆင်မှုများ နှင့် စမ်းသပ်မှုလုပ်ငန်းစဉ်များကို Jiuquan ဂြိုလ်တုလွှတ်တင်ရေးစခန်း၌ ပြုလုပ်သွားမည် ဖြစ်ပြီး စက်တင်ဘာလအလယ်ပိုင်းတွင် လွှတ်တင်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.