Science & Technology
တရုတ်နိုင်ငံက နည်းပညာလက်တွေ့သုတေသန ဂြိုဟ်တုအသစ်နှစ်စင်း လွှတ်တင်
ရှီးချန်း၊ မေ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ဂြိုဟ်တုအသစ်နှစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ယနေ့ (မေ ၃၀ ရက်) တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
နည်းပညာလက်တွေ့သုတေသန ဂြိုဟ်တုအသစ်နှစ်စင်းအား Long March-11 သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၄:၁၃ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာမြေ စူးစမ်းလေ့လာရေးနည်းပညာ သုတေသန အသစ်အတွက် အဓိကအသုံးပြုသွားမည် ဖြစ်သည်။
ဂြိုဟ်တုအသစ်နှစ်စင်းကို သယ်ဆောင်ထားသည့် Long March-11 သယ်ဆောင်ရေးဒုံးပျံအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မေ ၃၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)
မေ ၃၀ ရက်တွင် လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၃၃၂ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)