Connect with us

Science & Technology

တရုတ်နိုင်ငံက နည်းပညာလက်တွေ့သုတေသန ဂြိုဟ်တုအသစ်နှစ်စင်း လွှတ်တင်

ဂြိုဟ်တုအသစ်နှစ်စင်းကို သယ်ဆောင်ထားသည့် Long March-11 သယ်ဆောင်ရေးဒုံးပျံအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မေ ၃၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ရှီးချန်း၊ မေ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဂြိုဟ်တုအသစ်နှစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ယနေ့ (မေ ၃၀ ရက်) တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

နည်းပညာလက်တွေ့သုတေသန ဂြိုဟ်တုအသစ်နှစ်စင်းအား Long March-11 သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၄:၁၃ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာမြေ စူးစမ်းလေ့လာရေးနည်းပညာ သုတေသန အသစ်အတွက် အဓိကအသုံးပြုသွားမည် ဖြစ်သည်။

 ဂြိုဟ်တုအသစ်နှစ်စင်းကို သယ်ဆောင်ထားသည့် Long March-11 သယ်ဆောင်ရေးဒုံးပျံအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မေ ၃၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

မေ ၃၀ ရက်တွင် လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၃၃၂ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)