Science & Technology
တရုတ်နိုင်ငံက သိပ္ပံပညာရပ်ဆိုင်ရာ စီမံကိန်း ၄၁,၇၅၂ ခုအား ယွမ် ၂၁ ဘီလီယံကျော် ငွေကြေးထောက်ပံ့ရန်ရှိ

ပေကျင်း၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက သိပ္ပံပညာရပ်ဆိုင်ရာ စီမံကိန်း ၄၁,၇၅၂ ခုအား ငွေကြေးထောက်ပံ့ရန် ယွမ် ၂၁ ဒဿမ ၀၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉၉ ဘီလီယံ) သုံးစွဲရန်ရှိကြောင်း အမျိုးသား သဘာဝသိပ္ပံပညာရပ်ဆိုင်ရာ ဖောင်ဒေးရှင်း (NSFC) က သြဂုတ်လ ၁၆ ရက်တွင် ကြေညာလိုက်သည်။
အဆိုပါ ငွေကြေးများက နိုင်ငံဆိုင်ရာ အရေးပါသောစီမံကိန်းများ၊ အရေးပါသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု သုတေသနစီမံကိန်းများ၊ ထူးချွန်သော ပညာရှင်ငယ်များမှ တင်သွင်းသော စီမံကိန်းများနှင့် သိပ္ပံပညာရပ်ဆိုင်ရာ ကိရိယာများနှင့် အသုံးအဆောင် အဓိက စီမံကိန်းများ အပါအဝင် သိပ္ပံပညာရပ်ဆိုင်ရာ စီမံကိန်း အမျိုးအစား ၁၀ ခုတွင် အသုံးပြုမည်ဖြစ်သည်။
NSFC အနေဖြင့် မတ်လက လျှောက်ထားမှု ၂၄၀,၀၀၀ ကျော် လက်ခံရရှိခဲ့ပြီး မနှစ်ကထက် ၁၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံက အဆိုပါ ငွေကြေးများဖြင့် အခြေခံ သုတေသနနှင့် မူရင်း တီထွင်ဆန်းသစ်မှု လုပ်နိုင်စွမ်းအား ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း NSFC က ပြောကြားခဲ့သည်။ (Xinhua)