Connect with us

Science & Technology

တရုတ်နိုင်ငံ၏ လပေါ်သွားယာဉ်က လကမ္ဘာ၏အခြားတစ်ဖက်ခြမ်း ၂၇၁ မီတာမောင်းနှင်

တရုတ်နိုင်ငံ၏ အာကာသယာဉ် Chang’e-4 အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လကမ္ဘာသွားယာဉ် Yutu-2 သည် လပေါ်တွင် မည်သူမျှမရောက်သေးသည့်နေရာ၌ လကမ္ဘာ၏အခြားတစ်ဖက်ခြမ်းတွင် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းရှာဖွေမှု လုပ်ဆောင်ရန် ၂၇၁ မီတာ မောင်းနှင်သွားရောက်ခဲ့ကြောင်း သိရသည်။

Chang’e-4 အာကာသယာဉ်၏ လပေါ်ဆင်းသက်ယာဉ်နှင့် လပေါ်သွားယာဉ်နှစ်ခုလုံးမှာ လပေါ်ရှိညအချိန်အတွက် dormant mode အား သြဂုတ်လ ၇ ရက် (ပေကျင်းစံတော်ချိန်) တွင် ပြောင်းထားခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသ စီမံအုပ်ချုပ်ရေး၏ လကမ္ဘာ စူးစမ်းရှာဖွေရေးနှင့် အာကာသ အစီအစဉ်စင်တာက ပြောခဲ့သည်။

တရုတ်နိုင်ငံက Chang’e-4 အာကာသယာဉ်အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်က လွှတ်တင်ခဲ့ပြီး လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းရှိ South Pole-Aitken Basin ရှိ Von Karman Crater ပေါ်သို့ ဇန်နဝါရီလ ၃ ရက်က ပထမဆုံး အကြိုဆင်းသက်ခဲ့သည်။

လကမ္ဘာပေါ်ရှိ တစ်ရက်မှာ ကမ္ဘာမြေပေါ်တွင် ၁၄ ရက်နှင့် ညီမျှပြီး လကမ္ဘာညကလည်း အလားတူပင် ဖြစ်သည်။ Chang’e-4 အာကာသယာဉ်သည် ဆိုလာစွမ်းအင် အားနည်းလာခြင်းကြောင့် ညပိုင်းတွင် dormant mode ပြောင်းထားခဲ့သည်။

အဆိုပါ ယာဉ်၏ လကမ္ဘာပေါ် ၈ ရက်မြောက်နေ့တွင် လပေါ်ဆင်းသက်ယာဉ်နှင့် လပေါ်သွားယာဉ်ပေါ်ရှိ သိပ္ပံပညာရပ်ဆိုင်ရာကိရိယာများ ကောင်းစွာ အလုပ်လုပ်ကြောင်းနှင့် သိပ္ပံပညာရပ်ဆိုင်ရာတွေ့ရှိချက် အသစ်အား လေ့လာဆန်းစစ်ရန် ဗဟိုသုတေသနအဖွဲ့သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)