Connect with us

Science & Technology

တရုတ်နိုင်ငံတွင် စက်ရုပ်တီထွင်မှုလုပ်ငန်း တိုးတက်လျက်ရှိ

၂၀၁၉ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ စက်ရုပ်တီထွင် ထုတ်လုပ်မှုသည် ၂၀၁၈ ခုနှစ်တွင် ၁၄၈,၀၀၀ ခု ရှိခဲ့ရာ ကမ္ဘာ့စက်ရုပ်ထုတ်လုပ်မှု စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းကျော် ရှိကြောင်း၂၀၁၉ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံတွင် တရုတ်နိုင်ငံဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် သြဂုတ်လ ၂၀ ရက်မှ ၂၅ ရက်အထိ ပြုလုပ်သည့် အဆိုပါ ညီလာခံတွင် နောက်ဆုံးပေါ် စက်ရုပ်နည်းပညာများနှင့် ထုတ်ကုန် ၇၀၀ ကျော်ဖြင့် စက်ရုပ်များ၏ စွမ်းဆောင်မှုက အပြည့်အဝခင်းကျင်းထားသည်ကို တွေ့ရသည်။

ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဝန်းကျင်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ပြဿနာများကြောင့် စက်ရုပ်တီထွင်မှုလုပ်ငန်း တိုးတက်မှု နှေးကွေးခဲ့ရကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး Miao Wei က ပြောခဲ့သည်။

သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်း အဆင့်မြှင့်တင်မှု အရှိန်မြှင့်လာခြင်း၊ စက်ရုပ်တီထွင်မှု လုပ်ငန်းတွင် နည်းပညာ ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ စက်မှုလုပ်ငန်းက လျင်မြန်သော ခြေလှမ်းတစ်ရပ်တွင် ဆက်လက် တိုးတက်သွားမည် ဖြစ်ကြောင်း Miao က ဆိုသည်။

မကြာသေးမီနှစ်များက တရုတ်နိုင်ငံ၏ စက်ရုပ်တီထွင်မှု ဈေးကွက်သည် ကမ္ဘာ့အကြီးဆုံး ဖြစ်လာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှု၏ သုံးပုံတစ်ပုံရှိကြောင်း ယခုလ Chinese Institute of Electronics ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံအနေဖြင့် လူ ၁၀,၀၀၀ ရှိလျှင် စက်ရုပ် ၁၃၀ ကျော် ရှိလာစေရန် မျှော်မှန်းထားကြောင်း နိုင်ငံတကာ စက်ရုပ်တီထွင်မှုအဖွဲ့ချုပ် ပြောကြားချက်အရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117