Science & Technology
တရုတ်နိုင်ငံသည် မြို့ပြများ ရေကြီး ရေလျှံခြင်းမှ ကာကွယ်ရန် အတွက် “ရေမြှုပ် မြို့တော်များ” တည်ဆောက်မည်
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် လွန်ခဲ့သော နှစ်များအတွင်း မြို့ပြများ၌ ရေကြီး ရေလျှံမှုကြောင့် လူ အသေအပျောက်များ ရှိခဲ့ပြီး ထိုသို့ထပ်မံ မဖြစ်စေရန် ၎င်း၏ မြို့တော်များကို ရေမြှုပ် ကဲ့သို မိုးရေကို ပိုမို စုပ်ယူနိုင်ပြီး ရေကြီး ရေလျှံခြင်းမှ ကာကွယ် နိုင်သည့်မြို့တော်များ အဖြစ် ပြောင်းလဲရန် ကြိုးစားနေကြောင်း သိရသည်။
“ရေမြှုပ် မြို့တော်” အမည်ရှိ လှုပ်ရှားမှု၌ အဆင့်မြင့် မြို့ပြ ရေဆိုးရေညစ် စွန့်ထုတ်ရေး စနစ် တည်ဆောက်ခြင်း ကို မြင်တွေ့ရမည် ဖြစ်ကြောင်း နှင့် အဆိုပါ စနစ်ကို လမ်းများ၊ အိုးအိမ် တိုက်တာများ၊ စက်မှုဇုန်များနှင့် အများပြည်သူ အနားယူရာ ဧရိယာများအား ပြန်လည် ပြုပြင်ခြင်း တို့ကို ဆောင်ရွက် နေစဉ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ အမှုဆောင် အစည်းအဝေး အပွဲပြီးနောက် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရေဆိုး ရေညစ် စွန့်ထုတ်ရေး စနစ်သည် ရေဆိုးများကို အလျှင်အမြန် စီးဆင်းစေပြီး ၎င်းတို့ကို ပြန်လည် အသုံးချရာ နေရာများသို့ လမ်းကြောင်းပေးကာ စုဆောင်းသွားမည် ဖြစ်သည်။
တရုတ်အစိုးရသည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများအား ရေဆိုးရေညစ် စွန့်ထုတ်ရေး စနစ်သစ်တွင် ပါဝင် လုပ်ဆောင်လာရန် အားပေးကြောင်းနှင့် လိုအပ်သော ထောက်ပံ့မှုများ ဖြည့်ဆည်းပေးရန် အတွက် ဘဏ္ဍာရေး အဖွဲ့အစည်း များကို ညွှန်ကြားထားကြောင်း သိရှိရသည်။
မိုးသည်းထန်စွာ ရွာသွန်းသည့် အချိန်များတွင် ရေဆိုးရေညစ် စွန့်ထုတ်ရေး စနစ်ဟောင်းများ ကြောင့် မြို့များသည် ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့ရလေ့ရှိသည်။
၂၀၁၂ခုနှစ် ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပေကျင်းတွင် လူ ၇၉ ဦးသေဆုံး ခဲ့ရသည်။ (Xinhua)