Connect with us

Science & Technology

အင်္ဂါဂြိုဟ်တွင် ရေရှိကြောင်း နာဆာ (NASA) မှတွေ့ရှိခဲ့မှုသည် ဂြိုဟ်ပေါ်၌ အသက်ရှင်ေ နထိုင်မှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ကို ပေါ်ပေါက်လာစေသည်

အင်္ဂါဂြိုဟ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အင်္ဂါဂြိုဟ် ပေါ်တွင် ရေအထင်အရှား ရှိကြောင်း နာဆာ (NASA) မှ တနင်္လာနေ့တွင် ကြေညာပြီးနောက် တရုတ် သိပ္ပံပညာရှင်များက အဆိုပါ ရှာဖွေ တွေ့ရှိမှုသည် ဂြိုဟ်ပေါ်၌ အသက်ရှင် နေထိုင်နိုင်မှု အပေါ် ဘယ်လောက် အကျိုး သက်ရောက်စေသည် နှင့်ပတ်သက်၍ အလျှင်အမြန် ဆွေးနွေး ခဲ့ကြသည်။

ပေကျင်း အာကာသ သိပ္ပံပြတိုက်မှူး ကျူးကျင်းက အဆိုပါ တွေ့ရှိမှုသည် လုံးဝ မမျှော်လင့်ထားသော တွေ့ရှိချက် ဖြစ်ကြောင်းနှင့် တွေ့ရှိချက်သည် အင်္ဂါဂြိုဟ် ပေါ်တွင် လူသားများ အခြေချနိုင်မှု ဖြစ်နိုင်ချေများ နှင့်ပတ်သက်သည့် ဆွေးနွေး များကို ဆက်လက် ရှင်သန်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်သိပ္ပံ အကယ်ဒမီ ၏ တရုတ်နိုင်ငံ အမျိုးသား နက္ခတ္တဗေဒ လေ့လာ ကြည့်ရှုရေး သုတေသီ ကော်လီကျွင်း က ရေသည် အသက်ရှင်မှု အတွက် အလွန် အရေးကြီးသောကြောင့် အဆိုပါ ရှာဖွေတွေ့ရှိမှု အသစ်သည် အတိတ်ကာလ နှင့် ပစ္စုပ္ပန် ကာလများ၌ သက်ရှိများ တည်ရှိနိုင်သည့် အခွင့်အရေးကို ပိုမို တိုးတက် လာစေကြောင်း ပြောကြားခဲ့သည်။

နေအဖွဲ့အစည်း အတွင်းမှာရှိသော အခြားဂြိုလ်များနှင့် ကမ္ဘာဂြိုလ်မှ အလင်းနှစ် ထောင်ပေါင်းများစွာ ဝေးကွာသော ဂြိုလ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် အင်္ဂါဂြိုလ် အကြောင်းကို ပိုမို သိရှိနားလည်ကြောင်း တရုတ်နိုင်ငံ အမျိုးသား နက္ခတ္တဗေဒ လေ့လာကြည့်ရှုရေး မှ လက်ထောက် သုတေသီ ကျန့်ယုံချွမ်း က ပြောကြားခဲ့သည်။

သိပ္ပံ အကယ်ဒမီ လက်အောက်ရှိ ဘူမိဗေဒနှင့် ဘူမိရူပဗေဒ အဖွဲ့အစည်းမှ သုတေသီ လင်းယန်ထင်က လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက အင်္ဂါဂြိုလ်ပတ် လမ်းကြောင်းပေါ်ရှိ စွမ်းအားမြင့် ပုံရိပ်ဖမ်း ကိရိယာများ သည် ဥက္ကာခဲ အရာချိုင့် များတွင် မဲမှောင်နေသော အစင်းကြောင်း ပုံရိပ်များကို ရိုက်ယူ နိုင်ခဲ့ကြောင်း နှင့် ၎င်းတို့အများစုကို အရည်များဖြင့် ဖွဲ့စည်းထားသည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိကြောင်းနှင့် ပတ်သက်၍ ပြောဆိုကြရာတွင် သိပ္ပံပညာရှင်များက လွန်ခဲ့သော နှစ်သန်းပေါင်း ၃,၀၀၀ လောက် တွင် အင်္ဂါဂြိုလ်သည် အေးခဲခြောက်သွေ့နေကာ ရေများသည်လည်း ရေခဲအဖြစ်သို့ပြောင်းလဲ ကုန်ကြောင်း ယူဆပြီး ယခု တွေ့ရှိချက် အသစ်သည် ဂြိုလ်ပေါ်တွင် ရေသည် အရည်ပုံစံ အဖြစ် တည်ရှိနေသေးသည် ကို အတည်ပြု နိုင်ခဲ့ကြောင်း လင်းက ဆက်လက် ပြောကြားခဲ့သည်။

အင်္ဂါဂြိုလ်ပေါ်တွင် ရေဓါတ်ပါဝင်သည့် သတ္တုဓါတ်များစွာ ရှိသည့်အနက်မှ အများစုမှာ Perchlorate ဆားများ ဖြစ်ပြီး ၎င်းသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို အန္တရာယ် ဖြစ်စေကာ သေးငယ်သော ဇီဝသက်ရှိများကို သေကြေနိုင်စေကြောင်း၊ ထို အဆိပ် သတ္တုရည်များကို နည်းပညာသုံးပြီး သန့်ရှင်းသော ရေအဖြစ် ပြောင်းလဲရန်မှာ ကမ္ဘာမြေမှ ရေကို သယ်ဆောင်သွားပြီး သန့်ရှင်းသော ရေအဖြစ် ပြောင်းလဲခြင်းထက် ကုန်ကျစရိတ် ပိုမိုသက်သာကြောင်း လင်းမှ ရှင်းပြခဲ့သည်။

သိပ္ပံပညာရှင်များ သည် ဆားရည်၏ အဓိက အရင်းအမြစ်ကို ရှာဖွေခြင်း နှင့် ၎င်း၏ ထုထည် ပမာဏကို တိုင်းတာခြင်းတို့ကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)