Science & Technology
တရုတ်နိုင်ငံ၏ စက်ရုပ်ထိပ်သီးပြပွဲတွင် တန်ဖိုး ယွမ် ၁၂ ဘီလီယံရှိသော ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့

ဟန်ကျိုး၊ မေ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် ကျင်းပနေသည့် စက်ရုပ်ထိပ်သီးပြပွဲတွင် မေလ ၉ ရက်က တန်ဖိုးအားဖြင့် ယွမ် ၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံ) ကျော်ရှိသော ရင်းနှီးမြှုပ်နံှမှု စီမံကိန်း သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
၃ ရက်ကြာပြုလုပ်မည့် ခြောက်ကြိမ်မြောက် China Robotop and Intelligent Economic Talent Summit အား ယုယောင်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။။
စက်ရုပ်များ၊ ဉာဏ်ရည်ရှိ ကုန်ထုတ်လုပ်ခြင်း၊ နည်းပညာနှင့် တီထွင်ဆန်းသစ်ခြင်းများအား အဓိကထားမည့် စီမံကိန်း ၂၈ ခုက စက်ရုပ်တီထွင်အသုံးချမှုပညာနှင့် ဉာဏ်ရည်တု စက်မှုလုပ်ငန်းများ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် မျှော်လင့်ထားသည်။
အဆိုပါ ပြပွဲ၌ စက်ရုပ်တီထွင် အသုံးချမှုပညာနှင့် ဉာဏ်ရည်ရှိ ကုန်ထုတ်လုပ်ခြင်း ကဏ္ဍများရှိ ဦးဆောင်လုပ်ငန်း ၈၀ နီးပါးမှ နောက်ဆုံးပေါ် စက်ရုပ်များနှင့် အဓိကအစိတ်အပိုင်းများ ပြသလျက်ရှိသည်။
ပြပွဲအတွင်း သုတေသနနှင့် လျှောက်ထားခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ဈေးကွက်၊ ငွေလုံးငွေရင်းနှင့် စွမ်းရည် အပါအဝင် ခေါင်းစဉ်များခွဲကာ ဖိုရမ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)