Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ က လမ်းကြောင်းပြောင်း တည့်မတ်ခြင်း ပြီးစီး

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC) တွင် ရိုက်ကူးထားသော အာကာသယာဉ်သွားသည့်ဓာတ်ပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ သည် အောက်တိုဘာ ၉ ရက် ညပိုင်း (ပေကျင်းစံတော်ချိန်) က လမ်းကြောင်းပြောင်းတည့်မတ်ခြင်း အောင်မြင်စွာပြီးစီးသွားပြီဖြစ်ကြောင်း တရုတ် အမျိုးသားအာကာသ စီမံခန့်ခွဲမှုဦးစီးဌာန (CNSA) ထံမှ သိရသည်။

အဆိုပါ ထျန်းဝန်-၁ ယာဉ်သည် ၎င်း၏အဓိကအင်ဂျင် စက္ကန့် ၄၈၀ ကျော် အလုပ်လုပ်ပြီးနောက် ည ၁၁:၀၀ နာရီတွင် ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်း ပြီးစီးခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC) တွင် နည်းပညာရှင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းဝန်-၁ ယာဉ်သည် ကမ္ဘာမှ ကီလိုမီတာ ၂၉.၄ သန်း အကွာအဝေးတွင် ဂြိုဟ်ပတ်လမ်းကြောင်း တည့်မတ်ခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါယာဉ်အား အင်္ဂါဂြိုဟ်သို့ စီစဉ်ထားသည့်အတိုင်း ရောက်ရှိရန် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း သိရသည်။

၎င်းယာဉ် ကမ္ဘာ-အင်္ဂါဂြိုဟ် ကူးပြောင်းရေးဂြိုဟ်ပတ်လမ်းကြောင်းတစ်လျှောက် လေးလခန့်ကြာ ဆက်လက်သွားရောက်မည်ဖြစ်ပြီး ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်းကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ပြုလုပ်သွားမည်ဖြစ်သည်။
 
တရုတ်နိုင်ငံသည် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ်ကို ဇူလိုင် ၂၃ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယာဉ်ကို ဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်း၊ ဂြိုဟ်ပေါ်ဆင်းသက်ခြင်းနှင့် ဂြိုဟ်ပေါ်သွားလာခြင်းများကို လုပ်ငန်းစဉ်တစ်ခုတည်းတွင် ပြီးစီးရန် ပုံစံထုတ်လုပ်ထားခြင်းဖြစ်သည်။ ၎င်းယာဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီခန့်တွင် အင်္ဂါဂြိုဟ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

ထျန်းဝန်-၁ ယာဉ်သည် ကမ္ဘာနှင့်လ၏ ဓာတ်ပုံကို အောင်မြင်စွာရိုက်ယူနိုင်ခဲ့ပြီး ဂြိုဟ်ပတ်လမ်းကြောင်း တည့်မတ်ခြင်းကို နှစ်ကြိမ်ပြုလုပ်ခဲ့ကာ ယာဉ်ပေါ်တွင်ပါရှိသော ပစ္စည်းကိရိယာများလည်း ကိုယ်တိုင်စစ်ဆေးမှု ပြီးစီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.