Connect with us

Science & Technology

တရုတ်နိုင်ငံ၌ ကျေးလက်နေပြည်သူများ အင်တာနက်အသုံးပြုသူ ၂၈၅ သန်းရှိလာ

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် Jinzhaiမြို့ရှိ Jinzhai Hope မူလတန်းကျောင်းတွင် အင်တာနက်အသုံးပြုနေသော ကလေးငယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဇွန်လအထိ  ကျေးလက်နေပြည်သူများ အင်တာနက်အသုံးပြုသူအရေအတွက်သည် ၂၈၅ သန်းအထိ ရောက်ရှိခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်အသုံးပြုသူစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်အထိ ရှိနေကြောင်း တရုတ်နိုင်ငံအင်တာနက်ဖွံ့ဖြိုးရေးအစီအစဉ်မှ မကြာသေးမီက ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ပြီးခဲ့သော မတ်လမှစတင်ကာ တရုတ်နိုင်ငံတွင် ကျေးလက်နေပြည်သူများအင်တာနက်အသုံးပြုမှုသည် ၃၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ အင်တာနက်ကွန်ရက် သတင်းအချက်အလက်စင်တာမှ ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ ထို့ပြင် မြို့ပြ-ကျေးလက် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှု ကွာဟချက်သည် အလွန်သိသာထင်ရှားစွာ ကျဉ်းမြောင်းလာခဲ့ကြောင်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

ဆက်စပ်လှုပ်ရှားမှုများအား မြှင့်တင်ရာတွင် အသိပညာဖြန့်ဖြူးခြင်း နှင့် အသိအမှတ်ပြုခြင်းကို ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ အင်တာနက်သည် နိုင်ငံ၏ ဆင်းရဲနွမ်းပါးလျှော့ချရေးကြိုးပမ်းမှုများအတွက် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေကြောင်း အစီရင်ခံစာက ဆိုသည်။

ပြီးခဲ့သော ဇွန်လအထိ ဆင်းရဲနွမ်းပါးသော ဒေသများမှ စိုက်ပျိုးရေးထုတ်ကုန်များအား အွန်လိုင်းမှတဆင့် အရောင်းမြှင့်တင်ခြင်းအပါအဝင် ဆက်စပ်လှုပ်ရှားမှုများတွင် တရုတ်အင်တာနက်အသုံးပြုသူ အရေအတွက်သည် ၅၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း နှင့် အင်တာနက်အသုံးပြုသူ ၃၄ ရာခိုင်နှုန်းကျော်အထိ အွန်လိုင်းစင်္ကြံများကို အသုံးပြု၍ ယင်းထုတ်ကုန်များကို ဝယ်ယူမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်တာနက်သည် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတွင် အလုပ်အကိုင်များဖန်တီးပေးခြင်း ၊ လူမှုဘဝလုံခြုံရေး နှင့် ဆင်းရဲနွမ်းပါးသောဒေသများရှိ ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော ပညာရေးကို လက်လှမ်မီစေရန် နှင့် ဆင်းရဲသားများအတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုအချက်အလက်များကို ရရှိစေရန် ကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ကြောင်း အင်တာနက်အသုံးပြုကြသူများက ယုံကြည်နေသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117