Connect with us

Science & Technology

တရုတ်နိုင်ငံ ချိုမိုလန်းမားတောင်၏ ပထမဆုံးအကြိမ် လေကြောင်းမှ ကမ္ဘာမြေဆွဲအား တိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး

ချိုမိုလန်းမားတောင်အား တွေ့ရစဉ် (ဆင်ဟွာ)

လာဆာ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ချိုမိုလန်းမားတောင်နှင့် တောင်အနီးဝန်းကျင်ဒေသအတွက် ပထမဆုံး အကြိမ်အဖြစ် တိကျမှုမြင့်မားသော လေကြောင်းမှမြေတိုင်းခြင်းလုပ်ငန်း ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် မြေဆွဲအားတိုင်းတာရေးလေယာဉ်ငယ်သည် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လာဆာသို့ ဘေးကင်းစွာပြန်လည်ရောက်လာခဲ့ကြောင်း သိရသည်။

ရှုပ်ထွေးသော ကမ္ဘာမြေဆွဲအားတိုင်းတာခြင်းကိရိယာများ အသုံးပြုထားသည့် အဆိုပါ မြေတိုင်းခြင်းလုပ်ငန်းသည် ယင်းဒေသ၏ ပထဝီမျက်နှာပြင်ကို စင်တီမီတာအဆင့် တိကျမှန်ကန်သော အချက်အလက်ကို ထောက်ပံ့ပေးမည်ဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်၏ အမြင့်ကို ပိုမိုတိကျစွာ တိုင်းတာရေးကို အထောက်အကူဖြစ်စေမည် ဖြစ်သည်။

ချိုမိုလန်းမားတောင်အား တွေ့ရစဉ် (ဆင်ဟွာ)

ယင်းနည်းစနစ်ဖြင့် စစ်တမ်းကောက်ယူခြင်းသည် တရုတ်နိုင်ငံက ပထမဆုံးလုပ်ဆောင်ခြင်းဖြစ်ပြီး ဆက်စပ်သော အချက်အလက်များအတွက် ကွာဟမှုကို ဖြည့်ဆည်းပေးလိမ့်မည်ဖြစ်ကြောင်း ချိုမိုလန်းမားတောင် လေကြောင်းမှ တိုင်းတာရေးစီမံကိန်း အကြီးအကဲ ချန်ပင်းက ပြောခဲ့သည်။

လေကြောင်းမှ အဝေးထိန်းစနစ်တိုင်းတာမှုသည် ပြုလုပ်နေဆဲဖြစ်ပြီး ယင်းဒေသ၏ မြေမျက်နှာသွင်ပြင်အတွက် အသေးစိတ် ရုပ်ထွက်ကြည်လင်သော ရလဒ်များကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။လေကြောင်းမှမြေတိုင်းခြင်းလုပ်ငန်းစဉ် တစ်ခုလုံးအနေဖြင့် ရာသီဥတု ကောင်းမွန်ပါက ဇွန်လအစောပိုင်းတွင် ပြီးစီးနိုင်ဖွယ်ရှိကြောင်း ချန်က ဆိုသည်။

ကမ္ဘာမြေဆွဲအား တိုင်းတာရေးလေယာဉ်ငယ်များတွင် ကမ္ဘာ့အဆင့်မီ ပစ္စည်းကိရိယာများကို တပ်ဆင်ထားခြင်းဖြစ်ပြီး ယင်းအနက် အချို့မှာ ပြည်တွင်းထုတ်ပစ္စည်းများလည်း ပါဝင်သည်ဟု ချန်က မှတ်ချက်ပြုခဲ့သည်။လေကြောင်းမှ မြေတိုင်းတာခြင်းသည် တရုတ်နိုင်ငံ၏ လက်ရှိလုပ်ဆောင်နေဆဲ ချိုမိုလန်းမားတောင် အမြင့်တိုင်းတာရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.