Connect with us

Science & Technology

တရုတ်နိုင်ငံ မှ သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်ရေးအတွက် ကမ္ဘာမြေစူးစမ်းရှာဖွေရေး ဂြိုလ်တုသစ် လွှတ်တင်


တိုင်ယွန်၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံ၏ ရုပ်ထွက်ကောင်းမွန်သည့် ကမ္ဘာမြေစူးစမ်းရှာဖွေရေး စီမံကိန်း ၏ တစ်စိတ်တစ်ပိုင်း အဖြစ် Gaofen-5 ရောင်စဉ်တန်းရိုက်ကူးရေး ဂြိုလ်တုအား မေ ၉ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Gaofen-5 ဂြိုလ်တုအား Long March 4C ဒုံးပျံ၏နောက်ကျောတွင်သယ်ဆောင်၍ ပေကျင်းစံတော်ချိန် နံနက် ၂း၂၈နာရီတွင် ရှန်ရှီးပြည်နယ်မြောက်ပိုင်းရှိ တိုင်ယွန်ဂြိုလ်တုလွှတ်တင်ရေး စင်တာမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။ ယင်းလွှတ်တင်မှုသည် Long March ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံ၏ ၂၇၄ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ တိုင်ယွန်ဂြိုလ်တုလွှတ်တင်ရေး စင်တာမှ Gaofen-5 ဂြိုလ်တုအား မေ ၉ ရက်တွင် လွှတ်တင်စဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တိုင်ယွန်ဂြိုလ်တုလွှတ်တင်ရေး စင်တာမှ Gaofen-5 ဂြိုလ်တုအား မေ ၉ ရက်တွင် လွှတ်တင်စဉ် (ဆင်ဟွာ)

ယင်းဂြိုလ်တုအား သဘာဝပတ်ဝန်းကျင် အလုံးစုံ လေ့လာစောင့်ကြည့်ရေး အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုလ်တုကို တရုတ်နိုင်ငံ လေကြောင်းအာကာသ သိပ္ပံ နှင့် နည်းပညာ ကော်ပိုရေးရှင်း မှ ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး သက်တမ်း ၈နှစ် အသုံးပြုနိုင်ရန် ပုံစံရေးဆွဲထားကြောင်း သိရသည်။

တရုတ်နိုင်ငံ သည် ယခုနှစ်အတွင်း Gaofen-5 ဂြိုလ်တုကိုလည်း လွှတ်တင်သွားမည်ဖြစ်ပြီး ဂြိုလ်ပတ်လမ်းကြောင်းအတွင်းရှိ အခြားသော Gaofen ဂြိုလ်တုများ နှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.