Connect with us

Science & Technology

တရုတ် နိုင်ငံ အနောက်တောင်ပိုင်း တောင်ထူထပ်သော ဒေသ၌ အဓိက မြို့များအကြား မြန်နှုန်းမြင့် ရထားလမ်း ဆက်သွယ်ထား

တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ချန်တူး-ကွေ့ယန် မြန်နှုန်းမြင့် ရထားလမ်း စမ်းသပ် မောင်းနှင်မှုအား ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကွေ့ယန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၏ မြို့တော် ကွေ့ယန်မှ အမြန်ရထား တစ်စင်းသည် တောင်တန်း ထူထပ်သော ခရီးစဉ် တစ်ခု အတွက် ဒီဇင်ဘာ ၁၆ ရက် နံနက် ၈ နာရီ ၂၈ မိနစ်တွင် စတင် ထွက်ခွာလာပြီး စီချွန်းပြည်နယ် ချန်တူးမြို့၌ အဆုံးသတ်မည် ဖြစ်သည်။

တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ ထိ မြန်နှုန်းမြင့် မောင်းနှင်နိုင်သည့် အဆိုပါ အမြန်ရထားသည် ၆၄၈ ကီလိုမီတာ အရှည် ရှိသော ချန်တူး-ကွေ့ယန် အမြန်ရထားလမ်းပိုင်း ပေါ်တွင် ဖြတ်သန်း သွားမည် ဖြစ်ကြောင်း နှင့် ယင်းချန်တူး-ကွေ့ယန် မြန်နှုန်းမြင့် ရထားလမ်းပိုင်းသည် နိုင်ငံတစ်ဝှမ်း မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက် တည်ဆောက်ရန် တရုတ်နိုင်ငံက ရည်မှန်းထားသော အစီအစဉ်ထဲမှ အရေးပါသော အစိတ်အပိုင်း တစ်ရပ် ဖြစ်ကြောင်း သိရသည်။ 

ချန်တူး-ကွေ့ယန် မြန်နှုန်းမြင့် ရထားလမ်းအား တွေ့ရစဉ်(ဆင်ဟွာ)

ချန်တူး-ကွေ့ယန် မြန်နှုန်းမြင့် ရထားလမ်းအား တွေ့ရစဉ်(ဆင်ဟွာ) 

ချန်တူး-ကွေ့ယန် မြန်နှုန်းမြင့် ရထားလမ်းအား တွေ့ရစဉ်(ဆင်ဟွာ)

ယင်းရထားလမ်းမှာ တရုတ် နိုင်ငံ အနောက်တောင်ပိုင်း သယ်ယူ ပို့ဆောင်ရေး အချက်အချာကျသော နေရာ နှစ်ခု ဖြစ်သည့် ကွေ့ယန် နှင့် ချန်တူးမြို့များကို ချိတ်ဆက်ထားခြင်းကြောင့် ယင်းဒေသများရှိ ခရီးသည် အမြောက် အများကို အမြန်လမ်းကြောင်းနှင့် အတူ အရှေ့ပိုင်း နှင့် တောင်ပိုင်း ကမ်းရိုးတန်း ဒေသများသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း China Railway Eryuan Engineering Group နှင့် ရထားလမ်း၏ အဓိက ပုံစံ ထုတ်သူ Li Yi က ပြောကြားခဲ့သည်။

အဆိုပါ ရထားလမ်းမှာ ခရီးသွား လုပ်ငန်း ၊ တွင်းထွက်ကျောက် တူးဖော်ရေး လုပ်ငန်း ၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများ အပြင် အနောက်ပိုင်း ဒေသ ဖွံ့ဖြိုးရေး အတွက် တရုတ် နိုင်ငံ၏ မဟာဗျူဟာ အတွက် အဓိကကျကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကွေ့ကျိုး ပြည်နယ်၏ Dafang စီရင်စုမှ အဖွဲ့ဝင် ၃၀ ဦး ပါဝင်သော လူမှုရေး အဖွဲ့ တစ်ခုမှ ခေါင်းဆောင် ဖြစ်သူ Shang Qingli က ရထားလမ်း သန့်ရှင်းရေး ပြုလုပ်ရန် ကွေ့ယန်မြို့ မြောက်ပိုင်းရှိ ရထားဘူတာရုံသို့ နံနက် အစောပိုင်းတွင် အဖွဲ့ဝင်များနှင့် အတူ လာရောက်ခဲ့သည်။

၎င်းက “ကျွန်တော်တို့ ချန်တူးမြို့ကို ရောက်ရင် Dafang စီရင်စု၏ ခရီးသွား လုပ်ငန်းကို တတ်တတ်ကြွကြွ မြှင့်တင်ရေး လုပ်ဆောင်သွားမှာပါ။”ဟု ပြောကြားခဲ့ပြီး ယင်းရထားလမ်း ဖွင့်လှစ်လိုက်ခြင်းဖြင့် ဒေသတွင်း ခရီးသွား လုပ်ငန်း သာမက Yi တိုင်းရင်းသား ယဉ်ကျေးမှုများကိုပါ မြှင့်တင်ရေး အတွက် အကူအညီ ဖြစ်စေလိမ့်မည်ဟု  ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းဒေသသည် တောင်တန်း ထူထပ်သော ဒေသ ဖြစ်သောကြောင့် ၆၄၈ ကီလိုမီတာ ရှည်သော ရထားလမ်း၏ ၈၅ ရာခိုင်နှုန်း ခန့်မှာ မြင့်မားသော တံတားများ သို့မဟုတ် ဉမင်လှိုဏ်ခေါင်းများ တည်ဆောက်၍ ဖောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ဘူမိဗေဒ မြေပြင် အနေအထားများအရ ချန်တူး – ကွေ့ယန် မြန်နှုန်းမြင့် ရထားလမ်းသည် တရုတ်နိုင်ငံ၏ တောင်တန်း ဒေသများတွင် ဖောက်လုပ်ထားသည့် အရှုပ်ထွေးဆုံး ရထားလမ်း စီမံကိန်း တစ်ခု ဖြစ်ကြောင်း China Railway Eryuan Engineering Group နှင့် ဒီဇိုင်နာ တစ်ဦး ဖြစ်သူ Zheng Tao က ပြောကြားခဲ့သည်။

အဆိုပါ ရထားလမ်း ပြီးစီးသွားခဲ့ခြင်းမှာ တရုတ် နိုင်ငံ၏ မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ရေး နည်းပညာ ခေတ်ရှေ့ပြေးမှုကို ဖော်ပြနေခြင်း ဖြစ်ကြောင်း ၊ ယင်းစီမံကိန်းတွင် ပါဝင်သည့် ရထားသံလမ်းပိုင်း ချိတ်ဆက်ခြင်း ၊ ရှည်လျားသော သံမဏိ-ကွန်ကရစ် ပေါင်းကူး တံတား ၊ စတီးကွန်ကရစ်ပြွန်ဖြင့် ကွင်းဆက် ပေါင်းကူး တံတား တည်ဆောက်ခြင်းတို့ အပါအဝင် အင်ဂျင်နီယာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၏ ပြယုဒ် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.