Connect with us

Science & Technology

တရုတ်နိုင်ငံက ကမ္ဘာမြေ စူးစမ်းလေ့လာရေးဂြိုဟ်တုကို အခြေခံထားသော ပထမဆုံး 3D ရုပ်ပုံများ ထုတ်ပြန်

ကမ္ဘာမြေ စူးစမ်းလေ့လာရေးဂြိုဟ်တု Gaofen-7 မှ အချက်အလက်ကို အခြေခံထားသည့် ပထမအသုတ် 3D ရုပ်ပုံများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုက မကြာသေးမီက လွှတ်တင်ခဲ့သော ကမ္ဘာမြေ စူးစမ်းလေ့လာရေးဂြိုဟ်တု Gaofen-7 မှ အချက်အလက်ကို အခြေခံထားသည့် ပထမအသုတ် 3D ရုပ်ပုံကို ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ စွမ်းရည်မြင့် ကမ္ဘာမြေ စူးစမ်းလေ့လာရေးစီမံကိန်း၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သော Gaofen-7 သည် အရပ်သားအသုံးပြု သုံးဖက်မြင် စစ်တမ်းကောက်ယူခြင်းနှင့် မြေပုံရေးဆွဲခြင်း ဂြိုဟ်တုဖြစ်သည်။

ထုတ်ပြန်လိုက်သော ဂြိုဟ်တုရုပ်ပုံ ၂၂ ပုံတွင် ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊Beijing Daxing အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံရှိ အန်ဟွေ့ပြည်နယ်၊ ကွမ်တုံပြည်နယ်နှင့် ရှန်တုံပြည်နယ်တို့ကို ပြသထားသည်။ အဆိုပါ ရုပ်ပုံများတွင် လေဆိပ်များ၊ မော်တော်ယာဉ်များ၊ အဆောက်အအုံများနှင့် သစ်ပင်များကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်ရှီးပြည်နယ်ရှိ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ နိုဝင်ဘာ ၃ ရက်က လွှတ်တင်ခဲ့သော ယင်းဂြိုဟ်တုသည် ပင်လယ်ရေမျက်နှာပြင်အထက် ၅၀၆ ကီလိုမီတာရှိ ဂြိုဟ်ပတ်လမ်းကြောင်းတွင် ရှိနေပြီး ရှစ်နှစ်သက်တမ်းရှိ ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုဖြင့် ရုပ်ပုံပေါင်း ၁၄,၀၀၀ ကျော် ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

“ဒါက မြေပြင် တိုင်းတာရေးအတွက် ရှင်းလင်းတိကျတဲ့ ပေတံတစ်ခုလိုပါပဲ။ Gaofen-7 ကို မလွှတ်တင်မီက စူပါအဝေးပြေးလမ်းမ တည်နေရာတွေကိုပဲ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။ အခု Gaofen-7 ကတော့ ကျေးလက်ဒေသက လမ်းမတွေကိုပါ မှန်မှန်ကန်ကန် သိနိုင်ဖို့ ကူညီပေးမှာပါ” ဟု တရုတ် အာကာသနည်းပညာ အကယ်ဒမီ Gaofen-7 ကို ဒီဇိုင်းရေးဆွဲသူအကြီးအကဲ ချောင်ဟိုင်ယီက ပြောခဲ့သည်။

Gaofen-7 ကို အဓိကအသုံးပြုသူများမှာ သဘာဝအရင်းအမြစ် ဝန်ကြီးဌာန၊ အိုးအိမ်နှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသား စာရင်းအင်းဗျူရို ဝန်ကြီးဌာနများမှ ဖြစ်ကြောင်း သိရသည်။

Gaofen-7 က ဘူမိဗေဒအနေအထားများ၊ အိမ်ရာနှင့် မြို့ပြ-ကျေးလက် တည်ဆောက်ရေးနှင့် အမျိုးသား စာရင်းအင်းများအား စောင့်ကြည့်နေခြင်း ပြဿနာများကို ဖြေရှင်းရာတွင် အကူအညီ ဖြစ်စေမည်ဟု ချောင်က ဆိုသည်။

အဆိုပါ ရုပ်ပုံများသည် နိုင်ငံ၏ အဓိက စီမံကိန်းများ၊ စီမံကိန်းနှင့် စီးပွားရေးတည်ဆောက်ရေးများ၌ အသုံးပြုသွားမည် ဖြစ်သည်။ ဥပမာအားဖြင့် Xiong’an နယ်မြေသစ်၊ ၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ် ပြုလုပ်ရန် ရွေးချယ်ထားသည့်နေရာများ၊ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ အဓိကစီမံကိန်းများနှင့် ဆုံးဖြတ်ချက် ချမှတ်ရန်အတွက် အချက်အလက် မြေပုံရေးဆွဲခြင်းများ စသည်တို့ဖြစ်သည်။

“အရင်ကတော့ စစ်တမ်းကောက်ယူတာ၊ မြေပုံရေးဆွဲခြင်းလုပ်ငန်းတွေက အလုပ်သမားစရိတ် မြင့်မားပြီး လများစွာ သို့မဟုတ် နှစ်နဲ့ချီပြီး အချိန်ယူခဲ့ရတယ်လေ။ အခု ဂြိုဟ်တုအသစ်နဲ့ဆိုတော့ အဲဒီလုပ်ငန်းတွေကို မိနစ်ပိုင်းအတွင်း ပြီးစီးသွားမှာပါ” ဟု ချောင်က ပြောခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.