Connect with us

Science & Technology

“ထျန်းဟော်”ပင်မအာကာသစခန်းအစိတ်အပိုင်းလွှတ်တင်နိုင်ခြင်းနှင့်အတူ တရုတ်အာကာသစခန်း တည်ဆောက်မှု ဘက်စုံစတင်

တရုတ်အာကာသစခန်းတည်ဆောက်ရေးအတွက် “ထျန်းဟော်”ပင်မအာကာသအခန်းကို ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးနေရာမှ ဧပြီ ၂၉ ရက်တွင် လွှတ်တင်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်နန်၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းမှ အာကာသစခန်းတည်ဆောက်မှု၏ ပင်မအစိတ်အပိုင်းဖြစ်သည့် “ထျန်းဟော်”အာကာသအခန်းကို သတ်မှတ်ဂြိုဟ်ပတ်လမ်းရောက်အောင် Long March-5B Y2 ဒုံးပျံဖြင့် ဧပြီ ၂၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ရာ ဂြိုဟ်ပတ်လမ်းတွင် တရုတ်အာကာသစခန်းတည်ဆောက်ရန်အတွက် ဘက်စုံဆောင်ရွက်ရန် စတင်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းမှာ တရုတ်အာကာသစခန်းတည်ဆောက်မှုအတွက် ပထမဆုံး လွှတ်တင်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ အာကာသစခန်းကို “ထျန်းဟော်”ပင်မ အာကာသအခန်း၊ “ဝန့်ထျန်း” စမ်းသပ်ခန်း၊ “မုန့်ထျန်း” စမ်းသပ်ခန်းဟူ၍ အာကာသစခန်းအစိတ်အပိုင်း သုံးခုကို အခြေခံ၍ ဖွဲ့စည်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ “ထျန်းဟော်” ပင်မအစိတ်အပိုင်းသည် အာကာသစခန်းတည်ဆောက်မှုအတွက် လွှတ်တင်သည့် ပထမဆုံး အစိတ်အပိုင်းဖြစ်သလို လက်ရှိ တရုတ်နိုင်ငံတွင် သုတေသနပြု တီထွင်ထုတ်လုပ်ထားသည့် ပမာဏအကြီးဆုံးနှင့် စနစ်အရှုပ်ထွေးဆုံးသော အာကာသယာဉ်ဖြစ်ပြီး Quantity take-offs (QTO) တန်ချိန် (၂၂.၅)တန်ရှိသည်။

တရုတ်အာကာသစခန်းတည်ဆောက်ရေးအတွက် “ထျန်းဟော်”ပင်မအာကာသအခန်းကို  ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးနေရာမှ  ဧပြီ ၂၉ ရက်တွင် လွှတ်တင်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်အာကာသစခန်းတည်ဆောက်ရေးအတွက် “ထျန်းဟော်”ပင်မအာကာသအခန်းကို  ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးနေရာမှ  ဧပြီ ၂၉ ရက်တွင် လွှတ်တင်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်အာကာသစခန်းတည်ဆောက်ရေးအတွက် “ထျန်းဟော်”ပင်မအာကာသအခန်းကို  ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးနေရာမှ  ဧပြီ ၂၉ ရက်တွင် လွှတ်တင်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်အာကာသစခန်းတည်ဆောက်ရေးအတွက် “ထျန်းဟော်”ပင်မအာကာသအခန်းကို  ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးနေရာမှ  ဧပြီ ၂၉ ရက်တွင် လွှတ်တင်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်အာကာသစခန်းတည်ဆောက်ရေးအတွက် “ထျန်းဟော်”ပင်မအာကာသအခန်းကို  ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးနေရာမှ  ဧပြီ ၂၉ ရက်တွင် လွှတ်တင်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

“ ‘ထျန်းဟော်’ပင်မအစိတ်အပိုင်းက အာကာသစခန်းရဲ့ပေါင်းစည်းထိန်းချုပ်မှုနှင့် စီမံခန့်ခွဲရာမှာ အဓိက အသုံးပြုမှာဖြစ်တယ်။ သူ့မှာ ကာလကာရှည် အလိုအလျောက် ပျံသန်းနိုင်စွမ်း ရှိတယ်။ အာကာသယာဉ်မှူးတွေ ရေရှည်နေထိုင်ပြီး အာကာသဆေးပညာ၊ သိပ္ပံနည်းပညာစမ်းသပ်မှုတွေ ဆောင်ရွက်နိုင်တယ်”ဟု တရုတ်နိုင်ငံ အာကာသ သိပ္ပံနှင့်နည်းပညာအဖွဲ့(CASC) အမှတ်(၅)ဌာန အကြီးအကဲ ဝမ်ရှန်းက ဆိုသည်။

“ထျန်းဟော်”ကို ဝန်ချန်းအာကာယာဉ်လွှတ်တင်ရေးစင်တာတွင် ဂြိုဟ်တု လွှတ်တင်ရေးတာဝန်ခံ ညွှန်ကြားရေးမှူး လျောက်ကော်ရွှေ၏ အမိန့်နှင့်အတူ Long March-5B Y2ဖြင့် ၁၁ နာရီ ၂၃ မိနစ်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးနေရာ (WSLS)သည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော ပင်လယ်နှင့်ကပ်လျက်ရှိသည့် အာကာသယာဉ်လွှတ်တင်ရေးနေရာဖြစ်သည်။ ယင်းနေရာသည် ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ၏ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ်၊ Chang’e 5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် လွှတ်တင်မှုတာဝန်များကို ထမ်းဆောင်ခဲ့သည့် နေရာလည်းဖြစ်သည်။

Long March-5B Y2အတွက်ဆိုရလျှင် ယခုအကြိမ်သည် ၎င်း၏ပထမဆုံးအကြိမ် လက်တွေ့အသုံးချလွှတ်တင်ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မေ ၅ ၇က် ပထမပျံသန်းမှုအပြီး ဒုတိယအကြိမ် ပျံသန်းခြင်းလည်း ဖြစ်သည်။

Long March-5B ဒုံးပျံသည် တရုတ်အာကာသစခန်းတည်ဆောက်မှုအတွက် သီးသန့် သုတေသနပြု တည်ဆောက်ထားသည့် အာကာသယာဉ် သယ်ဆောင်ရေး ဒုံးပျံဖြစ်ပြီး လက်ရှိ ကမ္ဘာ့ဂြိုဟ်ပတ်လမ်းအနီး သယ်ဆောင်မှုစွမ်းရည်အကြီးဆုံး မျိုးဆက်သစ် ဒုံးပျံဖြစ်သည်။ “လူလိုက်ပါနိုင်တဲ့ အာကာသစခန်းအစိတ်အပိုင်းကို လွှတ်တင်မယ့်တာဝန်ကို Long March-5B ဒုံးပျံကပဲ ထမ်းဆောင်နိုင်တယ်”ဟု CASC ၏ Long March-5B ဒုံးပျံစနစ် ဒီဇိုင်နာချုပ် လီတုန်းက ဆိုသည်။

“ထျန်းဟော်”ကို သယ်ဆောင်သည့် ယင်းဒုံးပျံသည် (၄၉၄)စက္ကန့်အကြာတွင် ခွာချနိုင်ခဲ့ပြီး အာကာသစခန်း ပင်မအစိတ်အပိုင်းဖြစ်သည့် “ထျန်းဟော်”ကို သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ ရောက်အောင် အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့သည်။

“ဒါကအောင်မြင်မှုတစ်ခုပါ။ တရုတ်အာကာသစခန်း ဂြိုဟ်ပတ်လမ်းမှာ တည်ဆောက်နိုင်ဖို့ ဘက်စုံစတင်နိုင်တဲ့ ပြယုဂ်ဖြစ်တယ်။ နောက်ပိုင်း နည်းပညာစမ်းသပ်မှုနှင့် အာကာသစခန်းတည်ဆောက်မှုတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ခိုင်မာတဲ့ အခြေခံတစ်ခုဖြစ်တယ်”ဟု China Manned Space Engineering Office (CMSEO) ညွှန်ကြားရေးမှု ဟဲချွန်က ပြောသည်။

အစီအစဉ်အရ အာကာသစခန်းပင်မအစိတ်အပိုင်းဖြစ်သည့်“ထျန်း‌ဟော်”သို့ “ထျန်းကျိုး” ကုန်တင်အာကာသယာဉ် နှင့်”ဆန်ကျိုး”လူတင်အာကာသယာဉ်တို့က လာရောက်မည်ဖြစ်ပြီး အဓိက နည်းပညာစမ်းသပ်မှုများအပြီး “ဝန့်ထျန်း”၊ “မုန့်ထျန်း”အာကာသစခန်း၏ စမ်းသပ်ခန်းအပိုင်းများကို လွှဲပြောင်းပေးအပ်၍ ဂြိုဟ်ပတ်လမ်းတွင် အာကာသစခန်း အခန်း(၃)ခန်းတွဲ၍ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

၁၉၉၂ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက လူတင်အာကာသယာဉ်အင်ဂျီနီယာကဏ္ဍဖွံ့ဖြိုးရေး ခြေလှမ်း(၃)ရပ် မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် အာကာသယာဉ်မှူး (၁၁) ဦးဖြင့် အာကာသယာဉ်ပျံသန်းမှု (၁၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ပထမခြေလှမ်းကို ပြီးပြည့်စုံစွာ အကောင်အထည်ဖော်နိုင်ခဲ့သလို ဒုတိယခြေလှမ်းအတွက် အလုံးစုံ တာဝန်ချသတ်မှတ်ထားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(Chinese Version)
(航天)天和核心舱成功发射 中国空间站建造全面开启
2021-04-29 13:45:44
 新华社海南文昌4月29日电(记者李国利、黎云)我国29日在海南文昌用长征五号B遥二运载火箭成功将空间站天和核心舱送入预定轨道,中国空间站在轨组装建造全面展开。
 这是中国空间站建造阶段的首次发射。
  中国空间站以天和核心舱、问天实验舱、梦天实验舱三舱为基本构型。天和核心舱是空间站发射入轨的首个舱段,也是目前我国自主研制的规模最大、系统最复杂的航天器,起飞质量22.5吨。
  “天和核心舱主要用于空间站统一控制和管理,具备长期自主飞行能力,可支持航天员长期驻留,开展航天医学、空间科学实验和技术试验。”航天科技集团五院空间站任务总指挥王翔说。
 浓云密布之下,乳白色的长征五号B遥二运载火箭愈显高大挺拔。
  “15分钟准备!”11时08分,发射任务01指挥员廖国瑞的口令响彻文昌航天发射场。
  中国文昌航天发射场是我国唯一的濒海发射场,去年以来成功完成我国首次火星探测、嫦娥五号等重大航天发射任务。“目前,发射场已经具备持续执行高强度航天发射任务的能力。”西昌卫星发射中心人力资源部主任赵新说。
  “10、9……3、2、1,点火!”11时23分,伴着隆隆巨响,长征火箭托举着天和核心舱拔地而起。
这是长征五号B运载火箭的首次应用性发射,也是2020年5月5日成功首飞后的第二次飞行。
  长征五号B是专门为我国载人航天工程空间站建设而研制的一型新型运载火箭,是我国目前近地轨道运载能力最大的新一代运载火箭。航天科技集团一院长征五号B运载火箭系统总设计师李东说:“发射载人空间站舱段,只有长征五号B运载火箭能够胜任。”
约494秒后,舱箭成功分离。天和核心舱准确进入预定轨道,发射任务取得圆满成功!
  “这次发射任务成功,标志着中国空间站在轨组装建造全面展开,为后续关键技术验证和空间站组装建造顺利实施奠定了坚实基础。”中国载人航天工程办公室主任郝淳表示。
  根据计划,天和核心舱将先后迎接天舟货运飞船和神舟载人飞船的访问,关键技术验证后与问天实验舱、梦天实验舱实施交会对接,完成空间站三舱组合体在轨组装建造。
  1992年,党中央作出实施载人航天工程“三步走”发展战略,目前已实现11名航天员共14人次太空飞行和安全返回,圆满完成第一步、第二步全部既定任务。(完)

新华社照片,文昌(海南),2021年4月29日
中国空间站天和核心舱发射任务成功
4月29日11时23分,中国空间站天和核心舱在我国文昌航天发射场发射升空,准确进入预定轨道,任务取得成功。
新华社记者 琚振华 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.