Connect with us

China

တရုတ်နိုင်ငံ၏ ပစ်ကပ်ကုန်တင်ကားများ ရောင်းအား မတ်လတွင် ဆက်လက်တိုးတက်

ပေကျင်း၊ မေ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်နလံထူလာချိန်တွင် တရုတ်နိုင်ငံ၏ ပစ်ကပ်ကုန်တင်ကားများ ရောင်းအားသည် မတ်လတွင် အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်ခဲ့ကြောင်း China Passenger Car Association (CPCA) မှ ဖော်ပြသည့် အချက်အလက်များအရ သိရသည်။

မတ်လတွင် စုစုပေါင်း အစီးရေ ၅၂,၀၀၀ ရောင်းချနိုင်ခဲ့ပြီး ၊ နှစ်အလိုက်တိုးတက်မှုမှာ ၅၆ ရာခိုင်နှုန်းရှိပြီး တစ်လချင်းအလိုက်တိုးတက်မှုမှာ ဖေဖော်ဝါရီ လ ထက် ၆၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း CPCA မှ သိရသည်။ဆောက်လုပ်ရေးလုပ်ငန်းများ နှင့် ကုမ္ပဏီများမှ ဝယ်လိုအားများပြားလာခြင်းကြောင့် နွေဦးရာသီပွဲတော်ပြီးနောက်ပိုင်းတွင် ပစ်ကပ်ကုန်တင်ကားရောင်းအားမှာ အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ၏ ဈေးကွက်အခြေအနေသည် ၂၀၁၈၊ ၂၀၁၉ နှင့် နှိုင်းယှဉ်ပါက အတော်တည်ငြိမ်မှုရှိကြောင်း CPCA ကဆိုသည်။

ခရီးသည်တင် နှင့် စီးပွါးဖြစ်မော်တော်ကားများ၏ ပုံစံနှစ်ခုကို ပေါင်းစပ်ထုတ်လုပ်ထားသော ပစ်ကပ်ကုန်တင်ကားများသည် မကြာသေးမီနှစ်များက နိုင်ငံအတွင်း လူကြိုက်များလာခဲ့သည်။တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များက ပစ်ကပ်ကုန်တင်ကားများကို မြို့ကြီးများအတွင်းသို့ အလွယ်တကူဝင်ရောက်နေရာယူနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ မတ်လတွင် တရုတ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒေသအာဏာပိုင်များသို့ ကားများသုံးစွဲမှု ပိုမိုမြင့်တင်ရန် ပစ်ကပ်ကုန်တင်ကားဝင်ရောက်ခြင်းအပေါ် ကန့်သတ်ထားမှုအား ဖြေလျှော့ပေးရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ထို့ပြင်နိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ အခြေခံလူတန်းစားများအထိ မော်တော်ယာဉ် သုံးစွဲခြင်းဆိုင်ရာလမ်းညွှန်ချက်စံချိန်စံညွှန်းအားထုတ်ပြန်ရန် ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)
China’s pickup truck sales continue expansion streak in March
BEIJING, May 5 (Xinhua) — China’s pickup truck sales continued their strong growth momentum in March amid the steady recovery of the country’s economy, data from the China Passenger Car Association (CPCA) shows.

A total of 52,000 units were sold in March, up 56 percent year on year and registering 65 percent month-on-month growth from February, according to the CPCA.

Pickup truck sales entered their peak season after the Spring Festival, driven by increased demand from construction projects and companies. The market’s March 2021 performance was relatively stable compared with the same period in 2018 and 2019, said the association.

Pickup trucks, which combine the features of passenger and commercial vehicles, have become increasingly popular in the country in recent years.

China has made efforts to facilitate the entry of pickup trucks into cities in recent years. In March, the country’s commerce ministry issued a guideline calling on local authorities to promptly relax restrictions on the entry of pickup trucks into cities to further boost automobile consumption.

The country is also considering technical standards for the vehicles to guide their development to the household level. Enditem