Connect with us

Science & Technology

ရှန်ဟိုင်းတွင် လျှပ်စစ်ကား များအတွက် အခမဲ့ အားသွင်းနိုင်သည့် ဓါတ်အားသွင်းတိုင်များ တည်ဆောက် ပေးမည်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ လျှပ်စစ်ကား အားသွင်းနိုင်သည့် ဓါတ်အားသွင်းတိုင် များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရှန်ဟိုင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း မြို့ရှိ Wanfo ဗုဒ္ဓဘုရားကျောင်း၏ ကားရပ်နားကွင်း အတွင်း၌ လျှပ်စစ်ကားများ အားသွင်းနိုင်သည့် ဓါတ်အားသွင်းတိုင် ၁၁ ခုကို တပ်ဆင်ပြီးစီး သွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓါတ်အားသွင်းတိုင် များတွင် ဘုရားကျောင်းသို့ လာရောက် ဖူးမျှော်သူများ အနေဖြင့် အခမဲ့ အားသွင်း နိုင်မည်ဖြစ်ကြောင်း Jiading ဒေသ ဗုဒ္ဓဘာသာ အဖွဲ့အစည်း ဒါရိုက်တာ မာစတာ ဟွေ့ချန် က ပြောကြား ခဲ့သည်။ အဆိုပါ ဗုဒ္ဓဘာသာ အဖွဲ့အစည်းသည် သန့်ရှင်းသော စွမ်းအင်အသုံးပြုမှုကို အားပေးသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း သိရသည်။

၎င်းက ဘုရားကျောင်း ပတ်လည်တွင် ဓါတ်အားသွင်းတိုင် ၁၀၀ ပြုလုပ်ထားရှိရန် အစီအစဉ်ရှိကြောင်း နှင့် Jiading ဒေသ အတွင်းရှိ အခြား ဗုဒ္ဓဘုရားကျောင်း ၆ ခုတွင်လည်း အခမဲ့ ဓါတ်အားသွင်းတိုင်များ တည်ဆောက်ပေးသွားရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်အစိုးရ၏ အရှိန်အဟုန်မြင့် ထောက်ပံ့မှုနှင့် အားပေးမှုများကြောင့် တရုတ်နိုင်ငံတွင် လျှပ်စစ်ကား အသုံးပြုမှု ခေတ်စားလာကြောင်း သိရသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ တွင် တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီ က လျှပ်စစ်ကားပေါင်း ၅ သန်းအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို ဖြည့်ဆည်း ပေးနိုင်ရန် နိုင်ငံ တစ်ဝန်း ဓါတ်အားသွင်း စခန်းများကို ၂၀၂၀ ခုနှစ် အမှီ တည်ဆောက်သွားရန် အစီအစဉ် ရှိကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.