Connect with us

Science & Technology

တရုတ်တောင်ပိုင်းရှိ မြို့နှစ်မြို့ကြား ဆက်သွယ်ထားသည့် မြေအောက်ရထား၌ မြန်နှုန်းမြင့် Wifi အသုံးပြုနိုင်ပြီဖြစ်

ကွမ်ကျိုးမြို့နှင့် ဖူရှန်မြို့ နှစ်မြို့ကြား ဆက်သွယ်ထားသည့် မြေအောက်ရထား အား တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံး ပြည်နယ် ရှိ ကွမ်ကျိုးမြို့နှင့် ဖူရှန်မြို့ နှစ်မြို့ကြား ဆက်သွယ်ထားသည့် မြေအောက်ရထား တွင် Wifi ဝန်ဆောင်မှု အား ဧပြီလ ၂၄ ရက်တွင် စတင် စမ်းသပ် သုံးစွဲခွင့်ပေးခဲ့ပြီး တရုတ်နိုင်ငံ၏ မြေအောက် ဘူတာရုံများနှင့် ရထားများအနက် Wifi ဝန်ဆောင်မှု ပထမဆုံး ရရှိသည့် မြို့နှစ်မြို့ကြား ဆက်သွယ်ထားသည့် မြေအောက်ရထား ဖြစ်လာကြောင်း သိရသည်။

၃၂ ကီလိုမီတာ ရှည်လျားသည့် မြို့ချင်း ဆက်သွယ်ထားသည့် အဆိုပါ မြေအောက်ရထားလမ်း တစ်လျှောက် အခမဲ့ Wifi ဝန်ဆောင်မှုအား ဆောင်ရွက်ပေးသည့် ကုမ္ပဏီမှာ ပေကျင်း အခြေစိုက် China Net Pro ဖြစ်ပြီး ၎င်း၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် ရန်ဝူဝူ က မြေအောက် မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေး ယာဉ်များ အတွက် တည်ငြိမ် မြန်ဆန်သည့် Wifi အင်တာနက် ဆက်သွယ်ရေး ရရှိရန်အတွက် ပြီးပြည့်စုံသည့် နည်းပညာ များ အသုံးပြု၍ လုပ်ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ရန်က စမ်းသပ် ဝန်ဆောင်မှု ပေးသည့် ကာလအတွင်း ပြန်လည် ပေးပို့လာသည့် အကြံပြုစာ များသည် အားတက်ဖွယ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ဆောင်မှု စနစ်၏ မှတ်သားချက်များအရ တစ်ချိန်တည်းမှာပင် Wifi ဖြင့် အင်တာနက် အသုံးပြုသူသည် ပျမ်းမျှ ၁၀,၀၀၀ နီးပါးရှိပြီး အသုံးပြုမှု အများဆုံး အချိန်များ၌ပင် အင်တာနက် အမြန်နှုန်း တစ်စက္ကန့်လျှင် 512 kb ထက် မလျော့ဘဲ အသုံးပြုနိုင် ကြောင်း သိရသည်။
China Net Pro က ၎င်းသည် အခြားမြို့များရှိ မြေအောက် ရထားများတွင်လည်း Wifi ဝန်ဆောင်မှု လုပ်ဆောင်ပေးသွားရန် အတွက် စာချုပ်သစ်များ လက်မှတ် ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။
ကုမ္ပဏီသည် တစ်လချင်းစီ၌ ကွမ်ကျိုး-ဖူရှန် မြေအောက် ရထား၌ Wifi အသုံးပြုသူ ခရီးသည်ပေါင်း သန်းနှင့်ချီ ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ကြီးမားသည့် စီးပွားရေး အကျိုးရလဒ်များ ရရှိလာနိုင်ကြောင်း မျှော်လင့်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.