Connect with us

Science & Technology

ဗဟိုအာရှ၏ အရှည်ဆုံး ရထားဥမင် လိုဏ်ခေါင်း အား တရုတ်ကုမ္ပဏီက တည်ဆောက်ပြီးစီး

Qamchiq Tommeli ရထားဥမင် လိုဏ်ခေါင်း အဝင်မုဒ်ဝ အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၈ ရက်(ဆင်ဟွာ)

ဗဟိုအာရှ၏ အရှည်လျားဆုံး ရထား ဥမင် လိုဏ်ခေါင်း ဖောက်လုပ်ရေး စီမံကိန်းသည် အလုံးစုံ ပြီးမြောက်သွားပြီ ဖြစ်ကြောင်းနှင့် ရထားခရီးစဉ်များ စတင် စမ်းသပ် ပြေးဆွဲနေပြီ ဖြစ်ကြောင်း တရုတ် ကန်ထရိုက်တာများက မေလ ၂၇ ရက်တွင် ပြောကြားသည်။

တပ်ရှ်ကန့်မြို့(Tashkent ) နှင့် နာမန်ဂန် (Namangan) ကို ဆက်သွယ်ပေးသည့် Angren-Pap ရထားလမ်း၏ လမ်းပိုင်း တစ်ခုဖြစ်သော Qamchiq ဥမင် လိုဏ်ခေါင်း ကို တရုတ်ရထားလမ်း ဥမင် လိုဏ်ခေါင်း တည်ဆောက်ရေး လုပ်ငန်းစုက တာဝန်ယူ ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းစီမံကိန်းကို ၂ဝ၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး မူလ သတ်မှတ်ချိန်ထက် ၃ လစော၍ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

Qurama တောင်တန်းကို ဖြတ်၍ ဖောက်လုပ်ထားသော ရထားဥမင် လိုဏ်ခေါင်း သည် ၁၉.၂ ကီလိုမီတာ ရှည်လျားသည်။ ၎င်းဥမင် လိုဏ်ခေါင်းသည် တရုတ်နိုင်ငံက အဆိုပြုထားသည့် ခေတ်သစ် ပိုးလမ်းမကြီး အတွက် အဓိက ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် စီမံကိန်း တစ်ခုဖြစ်သလို ဒေသတွင်း ပို့ဆောင်ရေး ကဏ္ဍတွင် ကုန်ကျစရိတ် လျှော့ချရေးနှင့် ကုန်သွယ်ရေး နှင့် စီးပွားရေး ဖွွံ့ဖြိုး တိုးတက်မှု အတွက် များစွာ အကူအညီပေးနိုင်မည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း မျှော်လင့် ထားသည်။ (Xinhua)