Connect with us

Science & Technology

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၌ ၂၀၂၂ ခုနှစ်တွင် 5G တာဝါတိုင်ပေါင်း တစ်သိန်းနှစ်သောင်းထိ ပြီးစီးအောင် တည်ဆောက်မည်

5G တာဝါတိုင် တစ်ခုတွင် ဝန်ထမ်းတစ်ဦး လုပ်ကိုင်ဆောင်ရွက်နေသည်ကိုင်တွေ့ရစဉ်(ဆင်ဟွာ)

ဟန်ကျိုး ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

တရုတ်နိုင်ငံ ကျဲ့ကျန်းကျန်းပြည်နယ် အမျိုးသား ဒစ်ဂျစ်တယ်စီးပွားရေး တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ရေးက ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၂၀၂၀ ခုနှစ်တွင် ကျဲကျန်းပြည်နယ်အတွင်း 5G တာဝါတိုင်ပေါင်း တစ်သိန်းနှစ်သောင်းအထိ ပြီးစီးအောင်တည်ဆောက်သွားမည်ဖြစ်ကာ ဒေသတွင်း ကွန်ရက်ဖုံးလွမ်းမှုကို အဆင့်မြှင့်တင်ခြင်းဖြင့် မြို့နယ် မှ ကျေးရွာ အထိ အဆင့်အဆင့် ကွန်ရက်ပျံ့နှံ့မှုကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျဲ့ကျန်းပြည်နယ်အနေဖြင့် 5G အား ကုန်ထုတ်လုပ်မှု ၊ မြို့နယ်စီမံခန့်ခွဲမှု ၊ အများပြည်သူဝန်ဆောင်မှု ၊ ယဉ်ကျေးမှုဖျော်ဖြေတင်ဆက်ရေ နှင့် အခြားကဏ္ဍများတွင် ကျယ်ပြန့်စွာ အသုံးချသွားမည်ဖြစ်ကြောင်း ၊ အရေးပါသည့် LiveApp စီမံကိန်းပေါင်း အခု ၁၀၀ ကို ပြုစုပျိုးထောင်သွားမည်ဖြစ်ပြီး 5G အား ကျယ်ပြန့်စွာအသုံးချသည့်ပုံစံအား အမြန်ဆုံး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ကျဲ့ကျန်းပြည်နယ်အင်တာနက်ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ ၂၀၁၉” အရ ၂၀၁၉ နှစ်ကုန်ပိုင်းထိ ကျဲ့ကျန်းပြည်နယ်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် 5G တာဝါတိုင်အရေအတွက်မှာ ၁၅,၇၇၀ ခုရှိခဲ့ပြီး ကျဲ့ကျန်းပြည်နယ်၏ အဓိက စီရင်စု ၊ မြို့နယ် နှင့် မြို့များ ကို ကွန်ရက်ဖုံးလွှမ်းနိုင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရှိရသည်။
သတင်းဖော်ပြချက်များအရ ၂၀၁၉ ခုနှစ်တွင် ကျဲကျန်းပြည်နယ် ၏ ဒစ်ဂျစ်တယ်စီးပွားရေး အဓိက လုပ်ငန်း ကုမ္ပဏီများ၏ ငွေကြေးတန်ဖိုးသည် တရုတ်ယွမ်ငွေ ၆၂၂.၈၉၄ ဘီလီယံ အထိ ရောက်ရှိခဲ့ရာ ပြည်နယ် GDP ၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

—————————————-
(Chinese Version)

浙江:到2022年建成5G基站12万个

  新华社杭州12月23日电(记者 朱涵)到2022年,浙江将建成5G基站12万个,推进骨干网、城域网扩容升级,实现城区万兆到楼、千兆到户,乡镇千兆到村。
  这是记者22日从浙江省国家数字经济创新发展试验区建设新闻发布会上了解到的。浙江将推动5G在工业制造、城市治理、民生服务、文化娱乐等领域的广泛应用,要培育100项重点场景应用,争取尽快形成5G的规模化应用。
  《浙江省互联网发展报告2019》显示,截至2019年年底,浙江省已累计建成5G基站15770个,杭州、宁波、温州、嘉兴主城区及县市城区和乌镇实现连续覆盖。
  数据显示,2019年,浙江全省数字经济核心产业实现增加值6228.94亿元,占浙江省国民经济生产总值比重达10%。(完)

Photo
图为安装人员爬上安装5G天线的信号塔。新华网 彭博 摄(飞手:向进)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.