Connect with us

Science & Technology

တစ်နာရီ ၃၅၀ ကီလိုမီတာအထိ မောင်းနှင်နိုင်သည့် ကမ္ဘာ့ပထမဆုံး ကုန်တင် ကျည်ဆန်ရထားပွဲဦးထွက် ထုတ်ဖော်ပြသ

တစ်နာရီလျှင် အမြန်နှုန်းအမြင့်ဆုံး ၃၅၀ ကီလိုမီတာဖြင့် ပြေးဆွဲနိုင်သော ကုန်တင ကျည်ဆန်ရထား ံရထားကို နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးကျားကျွမ်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ထန်းဆန်းမြို့တွင် မြန်နှုန်းအမြင့်ဆုံး တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ထိ မောင်းနှင်နိုင်သော ကုန်စည်တင်ကျည်ဆန်ရထားကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပထမဆုံး ပွဲဦးထွက် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရထားတည်ဆောက်ရေးလုပ်ငန်း CRRC Tangshan ကုမ္ပဏီလီမိတက်မှ လွှဲပြောင်းလိုက်သည့် အဆိုပါ ကုန်တင် ကျည်ဆန်ရထားသည် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ နှုန်းအထိ မောင်းနှင်နိုင်သည့် ကမ္ဘာ့ ပထမဆုံးသော ကုန်တင်ရထား ဖြစ်ကြောင်း ကုမ္ပဏီ၏ အဆိုအရ သိရသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ထန်းဆန်းမြို့တွင် ကုန်တင် ကျည်ဆန်ရထားတစ်စင်းကို နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါရထားတွင် ကုန်တင်ကုန်ချမြန်ဆန်စေရန် ၂.၉ မီတာအကျယ် ကုန်တင်ကုန်ချတံခါးများ တပ်ဆင်ထားပြီး ရထား၏ ကုန်စည်တင်ဆောင်နိုင်မှုမှာ ရထားတစ်စင်းလုံး အကျယ်အဝန်း၏ ၈၅ ရာခိုင်နှုန်းရှိသည်။

မီးရထားစက်ခေါင်း၏ပုံစံမှာ တရုတ်ငါးကြီးတစ်ကောင် ပုံသဏ္ဍာန်နှင့်ဆင်တူပြီး မောင်းနှင်ရာတွင် လေထုအတားအဆီးကို ကြီးမားစွာလျှော့ချပေးနိုင်သည့် ပုံစံထုတ်လုပ်ထားခြင်းဖြစ်သည်။

ကုန်စည်များ ခေတ်မီစွာ ဖြန့်ဝေရာတွင် အဆင်ပြေစေရန် ရထား ပုံစံထုတ်ခြင်းနှင့်တည်ဆောက်ခြင်း ပြုလုပ်နေစဉ်အတွင်း Big data ၊ cloud နည်းပညာများနှင့် Genetic Algorithms များကို ထည့်သွင်းထားခဲ့ကြောင်း ကုမ္ပဏီ၏က ပြောခဲ့သည်။

CRRC Tangshan ကုမ္ပဏီလီမိတက်သည် တရုတ်နိုင်ငံ၏ အဓိက မြန်နှုန်းမြင့်ရထား တည်ဆောက်ရေးကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး ထန်းဆန်းမြို့တွင် ဉာဏ်ရည်မြင့် ရထားအကူးအပြောင်းမိတ်ဖက်လုပ်ငန်းနှင့် ရထားပို့ဆောင်ရေးလုပ်ငန်းအတွက် တီထွင်ဆန်းသစ်ရေးနှင့် ဖွံ့ဖြိုးရေးစင်တာတစ်ခု တည်ဆောက်ထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
World’s first 350 km/h freight train off assembly line
Source: Xinhua| 2020-12-23 19:52:15|Editor: huaxia
SHIJIAZHUANG, Dec. 23 (Xinhua) — A bullet freight train with a maximum operational speed of 350 km per hour was rolled out in Tangshan, north China’s Hebei Province, on Wednesday morning.
Delivered by Chinese train maker CRRC Tangshan Co., Ltd., it is the first freight train in the world to reach the 350 km/h speed threshold, according to the company.
The train is equipped with 2.9-meter-wide loading doors to ensure speedy loading and unloading. The utility rate of cargo space on the train is 85 percent.
The shape of the locomotive resembles a Chinese sturgeon, a design that has greatly reduced running resistance.
During design and construction, big data, cloud technologies and genetic algorithms were applied to realize the smart distribution of the loads, according to the company.
CRRC Tangshan Co., Ltd. is one of China’s major high-speed train manufacturers. The city of Tangshan has also established an intelligent rail transit industry alliance and an innovation and development center for the rail transport industry. Enditem
၁-Photo taken on Nov. 30, 2020 shows a bullet freight train with a maximum operational speed of 350 km per hour on trial. A bullet freight train with a maximum operational speed of 350 km per hour was rolled out in Tangshan, north China’s Hebei Province, on Wednesday morning. Delivered by Chinese train maker CRRC Tangshan Co., Ltd., it is the first freight train in the world to reach the 350 km/h speed threshold, according to the company. (Photo by Wu Kechao/Xinhua)
၂- A bullet freight train is seen in Tangshan, north China’s Hebei Province, Nov. 30, 2020. A bullet freight train with a maximum operational speed of 350 km per hour was rolled out in Tangshan, north China’s Hebei Province, on Wednesday morning. Delivered by Chinese train maker CRRC Tangshan Co., Ltd., it is the first freight train in the world to reach the 350 km/h speed threshold, according to the company. (Photo by Wu Kechao/Xinhua)