Connect with us

Science & Technology

တရုတ်နိုင်ငံ ကွမ်ကျုံးမြို့၌ 5G အင်တာနက် ကွန်ရက်အခြေစိုက်စခန်းပေါင်း ၁၄,ဝဝဝ ကျော် တည်ဆောက်ရန်ရှိ

5G အင်တာနက် ကြော်ငြာ လိုဂိုတစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ကွမ်ကျုံး ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ် ကွမ်ကျုံးမြို့(Guangzhou) ၌ မြန်နှုန်းမြင့် 5G အင်တာနက်ကွန်ရက် တည်ဆောက်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် မြို့အတွင်း 5G အင်တာနက် ကွန်ရက် အခြေစိုက်စခန်းပေါင်း ၁၄,၆ဝဝ ထိကို တည်ဆောက်ပြီးစီးရန် မျှော်လင့်ထားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်။

လာမည့် ၂ဝ၂၁ ခုနှစ်တွင် အခြေစိုက်စခန်း အရေအတွက်ကို ၆၅,ဝဝဝ ထိ တိုးမြှင့်သွားမည်ဖြစ်ကာ ယင်းကာလတွင် ကွမ်ကျုံးမြို့သည် 5G ကွန်ရက် အသုံးပြုနိုင်သော အဓိက မြို့ပြ ဒေသ တစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ကွမ်ကျုံးမြို့စက်မှု နှင့် သတင်းအချက်အလက်နည်းပညာ ဗျူရို၏ ပြောကြားချက်အရ သိရသည်။

5G ကွန်ရက်သည် ကွမ်ကျုံးမြို့တွင် စက်မှုလုပ်ငန်းနှင့်သက်ဆိုင်သော နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ယင်းတို့တွင် အီလက်ထရောနစ်ထုတ်ကုန်များ နှင့် ဉာဏ်ရည်တု(AI) လုပ်ငန်းများ ပါဝင်ကြောင်း ၊ လာမည့် ၂ဝ၂၁ ခုနှစ်တွင် လုပ်ငန်းစုစုပေါင်းတန်းဖိုမှာ တရုတ်ယွမ်ငွေ ၈ဝဝ ဘီလီယံ( အမေရိကန်ဒေါ်လာ ၁၁၆.၂၄ ဘီလီယံ) အထိ ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

စက်မှုလုပ်ငန်းများတွင် 5G ကွန်ရက်တိုးချဲ့နိုင်ရန် ကွမ်ကျုံးမြို့သည် စမတ်ပို့ဆောင်ဆက်သွယ်ရေးစနစ်များ ၊ စမတ်မြို့တော်များ နှင့် အင်တာနက်စက်မှုလုပ်ငန်းများအပါအဝင် နယ်ပယ်ပေါင်းစုံ၌ 5G တီထွင်ဖန်တီးမှုမိတ်ဖက် နှင့် နည်းပညာသုံးပြုမှုကို ဖန်တီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံမြို့တော်များတွင် ပြည်သူတို့၏ လိုအပ်ချက်အရ 5G အင်တာနက်ကွန်ရက်များကို ဆောင်ရွက်လျက်ရှိသည်။ ကွမ်ကျုံးသည် ဇွန်လကုန်ပိုင်းအထိ 5G အင်တာနက်အခြေစိုက်စခန်းပေါင်း ၅ဝဝဝ ကို တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဇွန်လ အစောပိုင်းတွင် တရုတ်နိုင်ငံက စီးပွားဖြစ်အသုံးပြုရန် 5G လိုင်စင်များကို ချပေးခဲ့ကြောင်း ၊ ယင်းမှာ နိုင်ငံ၏ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းတွင် ခေတ်သစ်တစ်ခုကို စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းနည်းပညာ အကယ်ဒမီ၏ ပြောကြားချက်အရ 5G နည်းပညာသည် ၂ဝ၃ဝ တွင် အလုပ်အကိုင်ပေါင်း ၈ သန်းကျော်ကို ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.