Connect with us

Science & Technology

တရုတ်နိုင်ငံ ၏ ထျန်ကျင်းeco-city တစ်မြို့လုံးကို 5G ကွန်ယက် နည်းပညာအသုံးပြုနိုင်ရန် စမ်းသပ်

တရုတ်နိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်သောထျန်ကျင်း Eco-city မြို့အားတွေ့ရစဉ် (ဆင်ဟွာ)

ထျန်ကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့ ပူးပေါင်းသည့် စီမံကိန်းတစ်ခုဖြစ်သောထျန်ကျင်း Eco-city တစ်မြို့လုံးတွင် ယခုနှစ်ကုန်ပိုင်း၌ 5Gကွန်ယက်နည်းပညာ အသုံးပြုမှု တိုးတက်လာလိမ့်မည်ဟု အဆိုပါမြို့ ၏ စီမံခန့်ခွဲမှုဗျူရိုက ဇူလိုင်လ ၁၆ ရက် တွင်ပြောသည်။

အဆိုပါ ထျန်ကျင်းeco-city သည် တရုတ်နိုင်ငံမြောက်ပိုင်း ထျန်ကျင်းစည်ပင်သာယာရေးအဖွဲ့၏ အောက်တွင် ရှိပြီး တရုတ်ဆက်သွယ်ရေးမိုဘိုင်းကုမ္ပဏီကြီး နှင့် အင်တာနက်ဆိုင်ရာ အခြေခံအဆောက်အအုံများ နှင့် 5G ကွန်ယက်နည်းပညာအခြေပြု သတင်းအချက်အလက်ပလက်ဖောင်းကို ပူးပေါင်းဆောင်ရွက်ရန်၊ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထျန်ကျင်းမြို့ ရှိ တရုတ်မိုဘိုင်း၏ ရုံးခွဲ က ၎င်းမြို့အတွင်း macro နှင့် micro အခြေပြု ဌာနများဆောက်လုပ်မှုအပါအဝင် 5G ကွန်ယက်နည်းပညာအခြေစိုက်စခန်းများကိုတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

အစိမ်းရောင်ဖွံ့ဖြိုးမှု သရုပ်ပြဇုန် အဖြစ် ဒီဇိုင်းဖော်ထားသည် eco-city မြို့သည် ထျန်းကျင်းမြို့၏ ပင်းဟိုင်တိုးချဲ့ဒေသတွင် တည်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.