Science & Technology
AI နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများတွင် တရုတ်တက္ကသိုလ် နှင့် စင်ကာပူတက္ကသိုလ် အကြား ပူပေါင်းဆောင်ရွက်မည်

ဂျင်နန်း ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ Shandong တက္ကသိုလ် နှင့် စင်ကာပူနိုင်ငံ၏ Nanyang နည်းပညာတက္ကသိုလ်တို့အကြား နိုင်ငံတကာ ဉာဏ်ရည်တုနည်းပညာ(AI) ဆိုင်ရာ သုတေသန စင်တာတစ်ခုကို ပူးတွဲထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ AI သုတေသနစင်တာကို ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံးပြည်နယ်(Shandong) ၏ မြို့တော် ဂျင်နန်း(Jinan)၌ စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။
Shandong တက္ကသိုလ် ဥက္ကဋ္ဌ Fan Liming က သုတေသနစင်တာကြီးသည် ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ် အရင်းအမြစ်များ နှင့် ပညာရှင်များအတွက် ကြီးမားသောအောင်မြင်မှုကို ဆောင်ကြဉ်းရန် နှင့် အရည်သွေးမြင့်လေ့ကျင့်မှုပြုလုပ်ရန် သိပ္ပံဆိုင်ရာသုတေသနလုပ်ငန်းစြင်္က ံကြီး တစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တက္ကသိုလ် နှစ်ခုအနေဖြင့် AI နည်းပညာဆိုင်ရာ အခြေခံသီအိုရီ ၊ AI နည်းပညာဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှု နှင့် သတင်းမီဒီယာ ဉာဏပိုင်းဆိုင်ရာ ကိစ္စရပ်များအပါအဝင် သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
စင်ကာပူနိုင်ငံ၏ NTU နည်းပညာတက္ကသိုလ်သည် Shandong တက္ကသိုလ် နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ခဲ့သည်မှာ ၁၅ နှစ်တိုင်တိုင်ရှိခဲ့ပြီး ဖြစ်သည်။ ၎င်းသည် ယခင်နှစ်များအတွင် AI နည်းပညာတွင် ကြီးမားသော အောင်မြင်မှုများ စွမ်းဆောင်နိုင်ခဲ့ခြင်း နှင့် ခိုင်မာသောသိပ္ပံဆိုင်ရာ သုတေသနာလုပ်ငန်းများ အတွက်ထင်ရှားကျော်ကြားသော တက္ကသိုလ်တစ်ခုဖြစ်သည်။
“ သုတေသနစင်တာကို အတူတကွ ပူးတွဲ ထူထောင်နိုင်ခဲ့ခြင်းဟာ ပထဝီမြေပြင် အလှမ်းကွာဝေးနေမှုကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ နှစ်ဖက် တက္ကသိုလ်အကြား သင်ကြားရေးဆိုင်ရာအမြင်ဖလှယ်မှုတွေ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု NTU တက္ကသိုလ်ဒုတိယဥက္ကဋ္ဌ Lam Khin Yong က ဆိုသည်။(Xinhua)