Connect with us

Science & Technology

တရုတ် နိုင်ငံမှ စတုတ္ထ မြောက် “Bei Dou” မျိုးဆက်သစ် လမ်းညွှန် ဂြိုလ်တုအား အောင်မြင်စွာ လွှတ်တင်

တရုတ်နိုင်ငံ စတုတ္ထ မြောက် “Bei Dou” မျိုးဆက်သစ် လမ်းညွှန် ဂြိုလ်တုအား စက်တင်ဘာ ၃၀ ရက်နေ့က လွှတ်တင် ခဲ့စဉ် (ဆင်ဟွာ)

ရှီချန် ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ရှီချန် ဂြိုလ်တု လွှတ်တင် စခန်းမှ စက်တင်ဘာ ၃၀ ရက်နေ့ ဒေသ စံတော်ချိန် ၇ နာရီ ၁၃ မိနစ် တွင် Long March-3B ဒုံးပျံ ဖြင့် “Bei Dou” လမ်းညွှန် ဂြိုလ်တုအား အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့သည်။

ယခု လွှတ်တင် လိုက်သည့် ဂြိုလ်တုသည် တရုတ် နိုင်ငံမှ လွှတ်တင် ခဲ့သည့် စတုတ္ထ မြောက် “Bei Dou” မျိုးဆက်သစ် လမ်းညွှန် ဂြိုလ်တု ဖြစ်ပြီး တရုတ် နိုင်ငံ မှ ၂၀ ခုမြောက် လွှတ်တင် ခဲ့သည် “Bei Dou” လမ်းညွှန် ဂြိုလ်တု ဖြစ်ကာ ကမ္ဘာ့လည်ပတ်မှုနှင့် တူညီသည့် ဂြိုလ်ပတ်လမ်း တွင် လုပ်ငန်း ဆောင်ရွက်မည် ဖြစ်သည်။ ယခု လွှတ်တင်လိုက်သည့် ဂြိုလ်တုတွင် ဟိုက်ဒရိုဂျင် အက်တမ် နာရီ သယ်ဆောင်သွား ခဲ့ပြီး ဂြိုလ်ပတ်လမ်း အတွင်း သို့ရောက်ရှိ ပြီးနောက်တွင် ဂြိုလ်တု ချင်းချိတ်ဆက်မှု ၊ မျိုးဆက်သစ် လမ်းညွှန် အချက်ပြမှု စနစ် စမ်းသပ် ဆောင်ရွက်မှု ၊ တရုတ်နိုင်ငံ လမ်းညွှန် ဂြိုလ်တု ကွန်ရက် နှင့် ချိတ်ဆက်မှု များကို ဆောင်ရွက် သွားမည် ဖြစ်သည်။

“Bei Dou” ဂြိုလ်တု လမ်းညွှန် စနစ်သည် တရုတ် နိုင်ငံမှ ကိုယ်ပိုင် တည်ထောင်ထား၍ သီးသန့် လည်ပတ်နေသော လမ်းညွှန်စနစ် ဖြစ်ပြီး ကမ္ဘာ့အခြား ဂြိုလ်တု လမ်းညွှန်စနစ် များနှင့် ချိတ်ဆက်ပြီး အတူတကွ အသုံးပြုသည့် ကမ္ဘာ့လုံး ဆိုင်ရာ လမ်းညွှန်စနစ် တစ်ခု ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာ တွင် တိကျ ယုံကြည်ရသော တည်နေရာ ဖော်ပြမှု ၊ အမြန်နှုန်း တိုင်းတာမှု ၊ အချိန်ကိုက် ဝန်ဆောင်မှု နှင့် သတင်းတို အချက်အလက် ပေးပို့မှု များကို ဆောင်ရွက် နိုင်မည် ဖြစ်သည်။ “Bei Dou” ဂြိုလ်တု လမ်းညွှန် စနစ် သည် ၂၀၁၂ တွင် ဒေသတွင်း ဝန်ဆောင်မှု များကို တရားဝင် စတင်ဆောင်ရွက်ချိန် မှ စတင်၍ တည်ငြိမ်စွာ လည်ပတ်နေပြီး လုပ်ဆောင်မှု စွမ်းရည် များမှာ လည်း မြင့်တက်လျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက် တည်ဆောက်မှု စီမံကိန်း အရ “Bei Dou” ဂြိုလ်တု လမ်းညွှန် စနစ် သည် ၂၀၁၈ ခုနှစ်တွင် “ခေတ်သစ် ပိုးလမ်းမကြီး” လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများအား အခြေခံ ဝန်ဆောင်မှု များဆောင်ရွက် နိုင်မည် ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု ဆောင်ရွက် သွားနိုင်မည် ဖြစ်သည်။

ယခု အကြိမ် လွှတ်တင်ခဲ့သည့် ဂြိုလ်တုနှင့် ဒုံးပျံ တို့သည် တရုတ် နိုင်ငံ အာကသ သိပ္ပံနှင့် နည်းပညာ ကုမ္ပဏီ လက်အောက်ရှိ တရုတ် နိုင်ငံ အာကာသ နည်းပညာ သုသေတန ဌာနနှင့် တရုတ်နိုင်ငံ သယ်ယူ ပို့ဆောင်ရေး ဒုံပျံ နည်းပညာ သုသေတန ဌာနတို့မှ တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး Long March အမျိုးအစား ဒုံပျံ၏ ၂၁၂ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.