Connect with us

Science & Technology

တရုတ်သိပ္ပံပညာရှင် များသည် စမတ်ဖိုင်ဘာ (smart fibers) အသစ် တစ်မျိုးကို တီထွင်ထုတ်လုပ်

စမတ်ဖိုင်ဘာ (smart fibers) အသစ် တစ်မျိုး တွေ့ရစဉ် (Internet)

ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်သိပ္ပံပညာရှင် များသည် လှုံ့ဆော်မှုတစ်ခု နှင့်ထိတွေ့ မိပါက အလိုအလျောက် တုံ့ပြန်နိုင်သော စမတ်ဖိုင်ဘာ (smart fibers) တစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါဖိုင်ဘာကိုအသုံးပြု၍ စမတ်အင်္ကျီများ၊ အလို အလျောက် အဖွင့်အပိတ် လုပ်နိုင်သော ပြတင်းပေါက်နေကာများ၊ ကြွက်သားများ ၏ လှုံ့ဆော်မှု ကိုတုံ့ပြန်ပေးနိုင်သော ခြေတု၊ လက်တုများ ကို တီထွင်ဖန်တီး လာနိုင်မည်ဖြစ်သည်။

နာနိုမီတာ နှင့် မိုက်ခရိုမီတာ အရွယ်အစားများ ရှိသည့် စမတ်ဖိုင်ဘာ များသည် ရွေ့လျားနိုင်ပြီး ၎င်းတို့ကို လိုသလို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ထို့အပြင် ရွေ့လျားမှုများ ကို နာရီလက်တံ အတိုင်း (သို့)ကျုံ့နိုင်အောင် ပြုလုပ်နိုင်ကြောင်း ရှန်ဟိုင်း အခြေစိုက် ဖူဒန်တက္ကသိုလ် မှ လေ့လာရေး အဖွဲ့ခေါင်းဆောင် ပရော်ဖက်ဆာ ဖုန်းဟွေ့ရှန်က ပြောကြားခဲ့သည်။

အဆိုပါ ဖိုင်ဘာများသည် အပင်များတွင် ရှိသော လှုပ်ရှားနိုင်မှု စွမ်းရည်ရှိသဖြင့် ၎င်း တို့ကို မတူညီသည့် အရည် နှင့် ပျော်ရည်များ အသုံးပြု၍ လိုအပ်သလို စီမံအသုံးပြုနိုင်သည်။

ဥပမာအားဖြင့် ကျုံ့နိုင်စွမ်းအား အလွန်ကောင်းသော ဖိုင်ဘာများကိုလျှစ်စစ်ဓါတ် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည်။ အကယ်၍ ၎င်းတို့ကို အထည်အဖြစ် ရက်လုပ်လိုပါက ၎င်းတို့ကို စမတ်ချည်ထည်များ အဖြစ်သို့ ပြောင်းလဲနိုင်ပြီး စက်မှုလုပ်ငန်းများတွင် ၎င်းတို့ကို အချို့သော ဂတ်စ် (သို့) ဓာတုပစ္စည်းများဖြင့်ပေါင်းစပ်ဓါတ်ပြုစေပြီး ယိုစိမ့်မှုဖြစ်နေသော အဆို့ရှင်များကို ပိတ်ရာ၌ အသုံးပြုနိုင်သည်။

ဖရော်ဖက်ဆာဖုန်း မှ အဆိုပါ ဖိုင်ဘာများကို လူအစားထိုး အာရုံခံခြင်း နှင့် လှုံ့ဆော်ခြင်းများ အတွက် နေရာ တော်တော်များများတွင် အသုံးပြုနိုင်သည့် အလားလာကောင်းများ ရှိကြောင်းပြောကြားခဲ့သည်။

ဖရော်ဖက်ဆာဖုန်း ဦးဆောင်သည့် ပညာရှင်အဖွဲ့သည် နေအိမ် အခန်းအတွင်း ရေခိုးရေငွေ့များပြားလာပါက ရေငွေ့ကိုအာရုံခံပြီး အလိုအလျောက် ပိတ်နိုင်သော လိုက်ကာများကို ထုတ်လုပ်နိုင်ခဲ့သည်။ အခြားဖြစ်နိုင်ခြေ တစ်ခုအနေဖြင့် အီသနော(ethanol)ကို အာရုံခံပြီး ဇီဝစွမ်းအင် ထုတ်လုပ်ရေး စက်များကို တီထွင်ထုတ်လုပ်ရန်ရှိသည်။ အဆိုပါစက်သည် အီသနော(ethanol)၏ ကျုံ့သွားသော ရွေ့လျားမှုကို အာရုံခံကာ စွမ်းအင် ထုတ်လုပ်မည်ဖြစ်သည်။

အသင်း၏ ရှာဖွေတွေ့ရှိချက်များကို နောက်ဆုံးပေါ် သဘာဝနာနိုနည်းပညာ အဖြစ်ဖော်ပြ သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.